ချီဗွေရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းခွင်သို့ တိုင်းမှူးနှင့်ဝန်ကြီးတို့မှ သွားရောက်စစ်ဆေး

December 22, 2009
  • (၂၂.၁၂.၂၀၀၉) ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဋ္ဌာန၀န်ကြီး ဗိုလ်မှူုးကြီးဇော်မင်း၊ ဗဟို အတွင်းရေးမှူး၊ ကချင်ပြည် နယ်တာဝန်ခံ၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဋ္ဌာန ၀န်ကြီး  ဗိုလ်မှူးချုပ်သိန်းဇော်နှင့် မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့သည် ချီဗွေရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့် ရှု့စစ်ဆေးရာ  တရုတ်နိုင်ငံ CPI ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ဋ္ဌာနဆိုင်ရာတာဝန်ရှိသူများမှ ရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက် နေမှု အခြေအနေများကို တိုင်းမှူးနှင့် ၀န်ကြီးတို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။
  • ထို့နောက် တိုင်းမှူးနှင့် ၀န်ကြီးတို့မှ လိုအပ်ချက်များကို လမ်းညွှန်မှာကြားပြီး ရေအားလျှပ်စစ် စီမံကိန်းအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့သည်။ ဆက်လက်၍ တိုင်းမှူးနှင့် ၀န်ကြီးတို့သည် နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်မည့် ပန်ဝါဒေသသို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။