ပဲခူးတိုင်း ဖြူးချောင်း ရေအားလျှပ်စစ် စီမံကိန်း လျှပ်စစ်(၁) ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်း ကြည့်ရှုစစ်ဆေး

December 28, 2008
(နေပြည်တော် ဒီဇင်ဘာ ၂၇၊ ၂၀၀၈)
  • အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းသည် ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက ပဲခူးတိုင်း ဖြူးမြို့နယ်၏ အနောက်ဘက် ခုနှစ်မိုင်ခန့်အကွာ ဖြူးချောင်းပေါ်၌ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၃) တည်ဆောက်ရေးက တည်ဆောက် အကောင်အထည် ဖော်လျက်ရှိသော ဖြူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိပြီး ရေအားလျှပ်စစ်ဥမင်လိုဏ်အ၀င်ပိုင်း တူးဖော်ပြီးစီးမှုနှင့် ဆက်လက် တူးဖော်နေမှုတို့ကို လည်းကောင်း၊ ရေထိန်းတံခါးပြွန် တည်ဆောက်ပြီးစီးမှု၊ ဂိတ်တံခါးများချရန် ပြင်ဆင်နေမှု၊ ရေယူဥမင်လိုဏ် အထွက်ပိုင်း တူးဖော်ပြီးစီးမှုနှင့် ဥမင်လိုဏ်အတွင်း မြေသားထိန်းသိမ်းကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

  • ယင်းနောက် ၀န်ကြီးသည် ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် မြေကြီးကျောက်သားတူးဖော် နေမှုနှင့် ရေထုတ်မြောင်း၊ ရေလွှဲမြောင်း တူးဖော်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

မဂ္ဂါဝပ် ၄၀

  • ဖြူးချောင်း ရေအားလျှပ်စစ်စီမံကိန်း၏ တမံတည်ဆောက်ခြင်းအပိုင်းကို လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပြီး ရေအားလျှပ်စစ်ဆိုင်ရာ တည်ဆောက်ရေး အပိုင်းကို အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တည်ဆောက်လျက်ရှိကာ စက်တပ်ဆင်အား မဂ္ဂါဝပ် ၄၀ ဖြစ်သည်။ ယခုအခါ ရေအားလျှပ်စစ်အပိုင်းတွင် ၄၃ ဒသမ ၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Advertisements

Minister for Electric Power No-1 inspects Kon Creek Hydropower Project

December 28, 2008
(Nay Pyi Taw, 27 Dec, 2008)

  • Minister for Electric Power No-1 Col Zaw Min visited Kon Creek Hydropower Project being imple-mented by Construction-3 of Hydro Power Department, on Kon Creek, about nine miles west of Pyu Township, Bago Division on 25 December.
  • The minister inspected earth work, quality control work, con-struction of spillways and afflux dam.
  • The minister inspected digging of the entrance of the intake tunnel, installation of frames for laying concrete and retaining of earth in the tunnel and preparation for construction of power station.
  • The 60-megawatt project is 70 per cent complete. The minister went to Yenwe Dam and power station and inspected storage of water, running of generators in the control room and switch yard and power distribution.
  • The 25-megawatt Yenwe power station generates 123 million kilowatt hours annually.

ပုပ္ပါး မီးငြိမ်းတောင် ဒေသ တစ်ဝိုက်၌ သဘာဝ ပိုဇိုလန်များ အမြောက်အမြား ထွက်ရှိ

December 27, 2008

(ရန်ကုန် ဒီဇင်ဘာ ၂၅၊ ၂၀၀၈)

  • စကားဝါပန်းများ ပွင့်လန်းရာမြေ ပုပ္ပားတောင်ခြေဒေသသို့ မိမိတို့ရောက်ရှိချိန်က နာရီပြန် တစ်ချက် နေမွန်းတိမ်းခဲ့လေပြီ။ နေပြည်တော်မှ ထွက်ခွာစချိန်ကမူ နံနက်(၆)နာရီ နေထွက်စပြုချိန်ခါ ဖြစ်သည်။
ကြည်နူးဖွယ်ရာ
  • ဟေမန္တဆောင်းရာသီ နံနက်ခင်း၏ အေးမြမြမြောက်ပြန်လေကို တ၀ကြီးရှူရှိုက်ရင်း သာယာ လှပသော ကျေးလက်၏ သဘာဝရှုမျှော်ခင်းတို့ကို မြင်ရသည်မှာ သက်ငြိမ်ပန်းချီကားတစ်ချပ်ကို ကြည့်ရသည့်နှယ် ကြည်နူးဖွယ်ရာ ကောင်းလှပါဘိ။
  • စက်ရုံ၊ အလုပ်ရုံများကလည်း မြို့တိုင်း၊ ရွာတိုင်းတွင် မီးခိုးတလူလူဖြင့် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ပိုင် စက်ရုံ ၆၂၄ ရုံနှင့် ပုဂ္ဂလိကစက်ရုံ အလုပ်ရုံ ၃၅၀၀၀ ရှိခဲ့ရာမှ ယခုပါဆိုလျှင် နိုင်ငံတော်ပိုင် စက်ရုံ ၇၉၃ ရုံနှင့် ပုဂ္ဂလိကစက်ရုံ အလုပ်ရုံ ၁၁၃၀၀၀ အထိ တိုးတက်လာပြီဖြစ်ကြောင်းသိရသည်။
  • ပုပ္ပါးဒေသသို့ ရောက်တုန်းရောက်ခိုက် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၏ သဘာဝပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက် လေ့လာခွင့် ရခဲ့သည်မှာ ခရီးစဉ်အတွင်းများစွာ ကျေနပ်ဖွယ်ကောင်းလှပေသည်။
  • သဘာဝပိုဇိုလန်၏ အကြောင်းကို ဂဃနဏမသိသေးသော ကျွန်တော့်အဖို့မူ ဗဟုသုတ အသိပညာ ရတနာတစ်ပါး တိုးပွားခဲ့ရသည်။
ချော်ပြာ
  • သဘာဝပိုဇိုလန်ဆိုသည်ကား မီးတောင်ပေါက်ကွဲရာမှ ထွက်ရှိလာသော ချော်ပြာများပင် ဖြစ်သည်။ မီးတောင်ပေါက်ကွဲစဉ်အတွင်းပိုင်းမှ ချော်ရည်ပူများ၊ ပြာများ တိုးထွက်လာကြရာမှ အပြင် လေနှင့် ထိတွေ့သောအခါ အပူချိန်လျော့ကာ အေးခဲသွားကြသည်။ မီးတောင်ဖွဲ့စည်းမှု ပုံစံကို လိုက်၍ အေးခဲချိန် အနှေး၊ အမြန် ကွာခြားမှုရှိတတ်ခြင်းသည် ချော်ခဲများ၊ ပြာများ၏ ဖွဲ့စည်းပုံနှင့် အမှုန် အရွယ်အစားကို အကျိုးသက်ရောက်မှု ရှိစေသည်။ အေးခဲချိန်မြန်လျှင် ပုံဆောင်ခဲ ဖွဲ့စည်းချိန် မရသဖြင့် အမှုန်အရွယ်အစား သေးစေသည်။ ချော်များ၊ ပြာများတွင် ပါဝင်သော ပုံမဲ့ Silica နှင့် Alumina တို့သည် ကောင်းစွာ နုညက်သော အခြေအနေတွင် ထုံး၊ ရေတို့နှင့် ပေါင်းစပ်ပါက ဓါတ်ပြုနိုင်စွမ်းရှိပြီး လူလုပ် ဘိလပ်မြေနှင့်ဆင်တူသော အာနိသင်မျိုးဖြစ်ပေါ်လာသည်။

အစွဲပြုခေါ်ဝေါ်

  • ပိုဇိုလန် (Pozzolan)ဟူသော အမည်ကို ခေါ်ဝေါ်သုံးစွဲခဲ့မှု၏ သမိုင်းခြေရာကို ပြန်ကောက် ရပါလျှင် အေဒီ ၇၉ တွင် အီတလီနိုင်ငံရှိ ဗီဆူးဗီးယပ်စ်မီးတောင် (Mt. Vesuvius)ပေါက်ကွဲရာမှ ထွက်ပေါ် လာသော ပြာများ ကျရောက်ခဲ့ရာ Pozzuoli မြို့ကို အစွဲပြု၍ ခေါ်ဝေါ်သုံးစွဲ နေကြခြင်းပင်။

ခေါ်ဝေါ်သုံးစွဲ

  • သဘာဝမှရရှိသော မီးတောင်ပြာများကို သဘာဝပိုဇိုလန်အဖြစ်လည်ကောင်း၊ အခြား Pozzolanic Reaction ဖြစ်တတ်သော ကျောက်မီးသွေးပြာ အစရှိသည်တို့ကိုလည်း Pozzolanic Material အဖြစ် လည်းကောင်း ခေါ်ဝေါ်သုံးစွဲကြကြောင်း သိရသည်။

ခိုင်ခံ့

  • လူလုပ်ဘိလပ်မြေမပေါ်ပေါက်မီ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဂရိလူမျိုးများသည် သဘာဝပိုဇိုလန်၊ ထုံးနှင့် ရေတို့ကို ရောစပ်၍ ရရှိလာသော သဘာဝဘိလပ်မြေကို သုံးစွဲခဲ့ကြကြောင်း သိရ သည်။ လူလုပ်ဘိလပ်မြေ မပေါ်ပေါက်မီ ကာလတစ်လျှောက်က သဘာဝပိုဇိုလန်နှင့် ထုံးကို ရောစပ် အသုံးပြုကာ တည်ဆောက်ခဲ့သည့် ရောမခေတ် အဆောက်အအုံအချို့မှာ ယနေ့အထိ ခိုင်ခံ့နေဆဲ ဖြစ်ကြောင်း တွေ့ရသည်။

အသုံးပြုလာ

  • လူလုပ်ဘိလပ်မြေ (Portland Cement) စတင်တီထွင်ခဲ့ပြီးနောက်ပိုင်းတွင် သဘာဝ ပိုဇိုလန်ထက် ပိုမိုတွင်ကျယ်စွာ ထုတ်လါပ်နိုင်ခြင်း၊ လိုအပ်သော Strength ကို ပိုမိုလျင်မြန်စွာ ရရှိခြင်း စသည့် အားသာချက်များကြောင့် လူလုပ် ဘိလပ်မြေကိုသာ အဓိက အစားထိုး သုံးစွဲလာခဲ့ကြသည်။ သဘာဝပိုဇိုလန်ကိုမူ ကွန်ကရစ်လုပ်ငန်းကြီးများတွင် ဘိလပ်မြေနှင့် ရေပေါင်းစပ် ဓာတ်ပြုရာမှ ထွက်သော အပူချိန်ကို လျှော့ချရန်၊ ကွန်ကရစ်၏ Sulfate ဒဏ်ခံနိုင်ရည်မြင့်မားလာစေရန်စသည့် ရည်ရွယ်ချက် များဖြင့် တွင်ကျယ်စွာ ထည့်သွင်းအသုံးပြုလာကြသည်။
  • မြန်မာနိုင်ငံ ဒေသအချို့ရှိ မီးတောင်ဟောင်းများသည် သဘာဝပိုဇိုလန်ထုတ်လုပ်နိုင်သော အရင်းအမြစ်များဖြစ်ကြသည်။ လွန်ခဲ့သည့် ဘီစီ ၄၄၂ တွင် နောက်ဆုံး ပေါက်ကွဲခဲ့သည်ဟု မှတ်တမ်းရှိခဲ့သော ပုပ္ပားမီးငြိမ်းတောင် ဒေသတစ်ဝိုက်နှင့် နောက်ဆုံးပေါက်ကွဲချိန် မှတ်တမ်းမရှိသော ချင်းတွင်းမြစ်ဝှမ်း အောက်ပိုင်းဒေသမှ မီးတောင်ဒေသအုပ်စုတို့မှာ သဘာဝပိုဇိုလန်ထုတ်ယူရန် အလားအလာကောင်းသော ဒေသများဖြစ်ကြသည်။

အစားထိုး

  • ပုပ္ပား မီးငြိမ်းတောင် ဒေသတစ်ဝိုက်ရှိ သဘာဝပိုဇိုလန်သည် အရည်အသွေးမီ မြင့်မားကြောင်း စမ်းသပ်တွေ့ရှိရ၍ ရဲရွာရေအားလျှပ်စစ်စီမံကိန်း၌ တည်ဆောက်လျက်ရှိသည့် Roller Compacted Concerete Dam တွင် ဘိလပ်မြေလိုအပ်ချက်၏ ၆၆ ရာခိုင်နှုန်းအထိ အစားထိုး သုံးစွဲလျက်ရှိကြောင်း သိရသည်။

ရည်ရွယ်ချက်

  • အဓိက ရည်ရွယ်ချက်မှာ ကွန်ကရစ်လုပ်ငန်းများတွင် သဘာဝပိုဇိုလန် ထည့်သွင်းအသုံးပြု ခြင်းဖြင့် အပူချိန်လျော့ကျကာ အက်ကြောင်းများ ဖြစ်ပေါ်မှုကို တားဆီးစေရန်ဖြစ်သည်။ (ကွန်ကရစ် လုပ်ငန်းများတွင် အပူထွက်မှု နည်းစေခြင်းဖြင့် ဆံခြည်မျှင် အက်ကြောင်းများ မပေါ်ရန် ဖြစ်သည်။)
  • ပညာရှင်အချို့က “မီးတောင်ဟောင်းရှိသော ဒေသများ၌သာ သဘာဝပိုဇိုလန်ကို ထုတ်ယူအသုံးပြုနိုင်သဖြင့် ရွှေထက်ပင် ရှားကြောင်း”ဟု သုံးသပ်တင်စားပြောဆိုခဲ့ရာ ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်ဌာနီ၏ သဘာဝသယံဇာတ အရင်းအမြစ်များ ပေါကြွယ်ဝမှု တစ်ခုတည်းနှင့်ပင် မြန်မာလူမျိုးများ ဂုဏ်ယူဝံ့ကြွားနိုင်လောက်ပေသည်။

(၂၆.၁၂.၂၀၀၈ ရက်နေ့ထုတ် မြန့်မာ့အလင်း သတင်းစာပါ သတင်းဆောင်းပါး – မောင်မောင်ထွေး (သတင်းစဉ်)၏ “ပုပ္ပါး မီးငြိမ်းတောင် ဒေသ တစ်ဝိုက်၌ သဘာဝ ပိုဇိုလန်များ အမြောက်အမြား ထွက်ရှိ” ဆောင်းပါး ဖြစ်ပါသည်။)


Concrete laying tasks finalized at Yeywa hydropower project

December 19, 2008
(Nay Pyi Taw, 19 Dec, 2008)
  • A ceremony to finalize concrete laying tasks of Yeywa hydropower project that is being implemented by No. 2 Construction Group of Hydropower Implementation Department of the Ministry of Electric Power No. 1 was held at the project on 15 December.
  • It was attended by Deputy Minister for Electric Power No. 1 U Myo Myint and heads of department under the ministry, Chinese Ambassador to Myanmar Mr Guan Mu and members, responsible persons of the companies and guests.
  • The deputy minister and party inspected progress in laying concrete of RCC main dam and then supervised to finalize concrete laying tasks by means of 2.5 ton Vibrating Roller.
  • Yeywa hydropower project is 2264 feet long and 433 feet high and it will generate 790 megawatt upon completion. It is RCC type concrete dam that is first being built in Myanmar and stands at ninth position on the fastest chart of RCC concrete laying.

ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း၏ RCC ပင်မတမံ ကွန်ကရစ် သွန်းလောင်းခြင်း လုပ်ငန်း ပြီးစီး

December 19, 2008
(နေပြည်တော် ဒီဇင်ဘာ ၁၈၊ ၂၀၀၈)

  • မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁ မိုင်အကွာ ရဲယမန်းကျေးရွာအနီး မြစ်ငယ်မြစ်ပေါ်၌ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၂) တည်ဆောက်ရေးက တည်ဆောက် အကောင်အထည်ဖော်လျက်ရှိသည့် ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း၏ RCC ပင်မတမံ ကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်း အပြီးသတ် ဆောင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက အဆိုပါ ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း ၌ ကျင်းပသည်။
  • အခမ်းအနားသို့ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Guan Mu နှင့် အဖွဲ့ဝင်များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
ဆောင်ရွက်
  • ရှေးဦးစွာ ဒုတိယ၀န်ကြီး ဦးမျိုးမြင့်နှင့်အ ဖွဲ့ဝင်များသည် RCC ပင်မတမံ ကွန်ကရစ် သွန်းလောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုကြသည်။
  • ထို့နောက် ဒုတိယ၀န်ကြီး ဦးမျိုးမြင့်သည် 2.5 ton Vibrating Roller အား မောင်းနှင်၍ RCC ပင်မတမံ ကွန်ကရစ်သွန်းလောင်းခြင်း လုပ်ငန်းကို အပြီးသတ် ဆောင်ရွက်ပေးသည်။
စီမံကိန်းဖြစ်
  • အဆိုပါ ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် RCC ကွန်ကရစ် ပင်မတမံ အလျား ၂၂၆၄ ပေ၊ အမြင့် ၄၃၃ ပေ၊ တမံ RCC ကွန်ကရစ်ထုထည် ၈၇၀၆၇၇ ကျင်း ရှိ၍ စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၉၀ ရှိမည့် စီမံကိန်းဖြစ်သည်။
  • မြန်မာနိုင်ငံတွင် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် RCC အမျိုးအစား ကွန်ကရစ်တမံ ဖြစ်ရာ ကမ္ဘာပေါ်တွင် ဆောင်ရွက်ပြီး RCC ကွန်ကရစ်သွန်းလောင်းမှုနှုန်း အမြန်ဆုံးစာရင်းတွင် အမှတ်စဉ် (၉)နေရာ၌ ရပ်တည်သော တမံဖြစ်ကြောင်း သတင်းရရှိသည်။

Senior General Than Shwe visits Yeywa Hydropower Project site As project is nearing completion, step-by-step tasks need to be done carefully

December 14, 2008
(Nay Pyi Taw, 13 Dec, 2008)
  • Chairman of the State Peace and Development Council Commander-in-Chief of Defence Services Senior General Than Shwe inspected Yeywa hydro-power project work being implemented on the Myitnge River to the southeast of Mandalay in Mandalay Division on 10 December.
  • Senior General Than Shwe, accompanied by member of the State Peace and Development Council General Thura Shwe Mann of the Ministry of Defence, SPDC member Lt-Gen Tin Aye, Commander-in-Chief (Navy) Rear-Admiral Nyan Tun, Commander-in-Chief (Air) Lt-Gen Myat Hein, Maj-Gen Ohn Myint, Maj-Gen Min Aung Hlaing, Lt-Gen Khin Zaw, Lt-Gen Myint Hlaing, Lt-Gen Ye Myint, Maj-Gen Hla Htay Win and Maj-Gen Maung Shein of the Ministry of Defence, chairmen of Mandalay Division, Sagaing Division and Shan State (North) Peace and Development Councils, the ministers, senior military officers and officials of the SPDC Office, arrived at the Yeywa hydropower project site near Ye-Yaman Village at 12.45 p.m.
  • At the briefing hall, Minister for Electric Power No. 1 Col Zaw Min reported to the Senior General and party saying that Yeywa hydropower project is the project of the State that will generate 790 megawatts and 3,550 million kilowatts hours yearly. The roller compacted concrete main dam with 2,264 feet in length and 433 feet in height is being built on the Myitnge River and the construction has been completed by almost cent per cent.
  • Minister Col Zaw Min also reported on progress in construction of the diversion tunnel and inlet and outlet, intake structure and spillway, installation of penstock and building of power station and switch yard, completion of the project as scheduled and arrangements being made for storing water in the dam in the coming rainy season.
  • Managing Director Dr San Oo of Myanma Electric Power Enterprise under the Ministry of Electric Power No. 2 reported on construction of Yeywa-Belin (Kyaukse) 230 KV power line, Yeywa-Meiktila 230 KV power line and Belin-Meiktila 230 KV power line for supply of 790 megawatts from Yeywa hydropower station to the National Grid, construction of sub-power stations and power supply tasks of Belin-Shwesaryan 230 KV power line and Meiktila-Thazi 230 KV power line.
  • In response to the reports, Senior General Than Shwe said Yeywa Hydropower Project is a large-scale project of the State. As the project is nearing completion, all the step-by-step tasks of the project need to be done carefully. Moreover, efforts are to be made for fully tapping of water resources of the Myitnge River. As the tasks for supply of electricity are being implemented, the work for distributing power to the consumers also needs to be done as scheduled. Power supply tasks are to be carried out systematically without any loss and wastage, said the Senior General.
  • Next, Senior General Than Shwe presented gifts to the responsible personel of Colenco Power Engineering Ltd and China Gezhouba Group Corporation and the staff of Construction Group-2 of Hydropower Department, who are participating in the Yeywa project.
  • The Senior General and party viewed the construction work from the viewing deck of the briefing hall. He also looked into the project site, construction of Yeywa water tank, laying of RCC concrete on the main dam, construction of the power station and spillway and digging of the canal.
  • Of the major tasks of the project, construction of diversion tunnel Nos 1 and 2 and the spillway has completed cent-per-cent and RCC main dam will be completed very soon. The whole project has been completed by 67.32 per cent.

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲရွာ ရေးအားလျှပ်စစ် စီမံကိန်း လုပ်ငန်းများ ကြည့်ရှုစစ်ဆေး လမ်းညွှန် မှာကြား

December 14, 2008
(နေပြည်တော် ဒီဇင်ဘာ ၁၃၊ ၂၀၀၈)
  • နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မန္တလေးတိုင်း မန္တလေးမြို့၏ အရှေ့တောင်ဘက် မြစ်ငယ်မြစ် ပေါ်၌ တည်ဆောက် အကောင်အထည်ဖော်လျက်ရှိသည့် ရဲရွာ ရေးအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများကို ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။
  • နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ဉာဏ်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ် မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဗိုလ်ချုပ်လှဌေးဝင်းနှင့် ဗိုလ်ချုပ် မောင်ရှိန်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှ ပြည်နယ်နှင့်တိုင်း၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌများ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်း မန္တလေးမြို့၏ အရှေ့တောင်ဘက် ရဲ-ယမန်း ကျေးရွာအနီး၌ အကောင်အထည်ဖော်လျက်ရှိသည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိကြသည်။
ရှင်းလင်းတင်ပြ
  • ရှေးဦးစွာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အဖွဲ့ဝင်များအား စီမံကိန်းရှင်းလင်းဆောင်၌ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက ရဲရွာရေအားလျှပ်စစ်စီမံကိန်း တည်နေရာ၊ စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၇၉၀ နှစ်စဉ် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၃၅၅၀ ထုတ်လုပ် ဖြန့်ဖြူးပေးမည့် နိုင်ငံတော်၏ ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပါကြောင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရန်အတွက် မြစ်ငယ်မြစ်ပေါ်၌ ရေလှောင်တမံ အလျား ၂၂၆၄ ပေ၊ အမြင့် ၄၃၃ ပေ ကွန်ကရစ်တမံ Roller Compacted Concrete Dam ပင်မတမံ တည်ဆောက်လျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ပါကြောင်းဖြင့် ပဏာမ ရှင်းလင်းတင်ပြသည်။
  • ဆက်လက်၍ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းက စီမံကိန်း၏ အခြားအစိတ်အပိုင်းများဖြစ်သော ရေလွှဲဥမင်လိုဏ်လုပ်ငန်းနှင့် ရေလွှဲဥမင်လိုဏ်အ၀င်အထွက် အဆောက်အအုံများ တည်ဆောက်ပြီးစီးခဲ့မှု အခြေအနေ၊ ဆက်လက်၍ ရေယူအဆောက်အအုံများ တည်ဆောက်ပြီးစီးခဲ့မှုအခြေအနေ၊ ဆက်လက်၍ ရေယူအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုလွှဲတည်ဆောက်ခြင်းလုပ်ငန်း၊ ဖိအားမြှင့် သံမဏိပိုက်တပ်ဆင်ခြင်းလုပ်ငန်း၊ ဓါတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် Switch Yard တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်ချိန်အမီ ပြီးစီးအောင် တည်ဆောက်နေမှု အခြေအနေ၊ လာမည့် မိုးကာလမှစ၍ ရေလှောင်တမံအတွင်း ရေစတင်သိုလှောင်ရန် စီစဉ်နေမှုတို့ကို အသေးစိတ် ရှင်းလင်း တင်ပြသည်။
  • ထို့နောက် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာ့လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန်းဦးက ရဲရွာရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိလာမည့် ဓါတ်အား မဂ္ဂါဝပ် ၇၉၀ ကို မဟာဓါတ်အားလိုင်းစနစ်အတွင်းသို့ ပို့လွှတ်နိုင်ရန်အတွက် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော ရဲရွာ ဘယ်လင်း(ကျောက်ဆည်) ၂၃၀ ကေဗွီ ဓါတ်အားလိုင်း၊ ရဲရွာ-မိတ္ထီလာ ၂၃၀ ကေဗွီ ဓါတ်အားလိုင်းနှင့် ဘယ်လင်း-မိတ္ထီလာ ၂၃၀ ကေဗွီ ဓါတ်အားလိုင်း တည်ဆောက်သွယ်တန်းမှု အခြေအနေ၊ ဓါတ်အားခွဲရုံများ တည်ဆောက်ပြီးစီးမှု အခြေအနေ၊ဘယ်လင်း-ရွှေစာရံ ၂၃၀ကေဗွီ ဓါတ်အားလိုင်းနှင့် မိတ္ထီလာ-သာစည် ၂၃၀ ကေဗွီဓါတ်အားလိုင်းများမှ ဓာတ်အားများ ပို့လွှတ်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။
  • ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရဲရွာရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံတော်၏ အကြီးစား ရေအားလျှပ်စစ်စီမံကိန်း တစ်ခုဖြစ်ကြောင်း။
ဂရုပြုလုပ်ကိုင်
  • ယခုအခါ ယင်းစီမံကိန်းကြီးသည် အပြီးသတ် တည်ဆောက်မှုအပိုင်းသို့ရောက်ရှိနေပြီး ဖြစ်ရာ အစစအရာရာ သေချာသပ်ယပ်စွာ ပြီးစီးအောင် လုပ်ငန်းအဆင့် အားလုံးတိုင်းကို ဂရုပြုလုပ်ကိုင် ဆောင်ရွက်ကြရန်လိုကြောင်း။
  • ထို့အပြင် မြစ်ငယ်မြစ်၏ ရေအရင်းအမြစ်များကို အပြည့်အဝအကျိုးရှိစွာ အသုံးချနိုင်ရေး အတွက် ဆက်လက်ကြိုးပမ်းသွားရန် လိုအပ်ကြောင်း။
စနစ်တကျဖြန့်ဖြူး
  • ယခုကဲ့သို့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးသည့်အပိုင်းကို ကြိုးပမ်းတည်ဆောက်လျက် ရှိသကဲ့သို့ ထွက်ရှိလာမည့် လျှပ်စစ်ဓါတ်အားများကို သုံးစွဲသူများထံ ဖြန့်ဖြူးပေးသည့်အပိုင်းကိုလည်း ချိန်ကိုက်ပြီးစီးအောင်၊ ဓါတ်အားအလေအလွင့် အဆုံးအရှုံးမရှိ စနစ်တကျ ဖြန့်ဖြူးပေးနိုင်အောင် ကြိုးပမ်း လုပ်ဆောင်ကြရန် လိုအပ်ကြောင်းဖြင့် လမ်းညွှန်မှာကြားသည်။
  • ယင်းနောက်ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် ရဲရွာရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လျက်ရှိသည့် Colenco Power Engineering Ltd, နှင့် China Gezhouba Corporation တို့မှ တာဝန်ရှိသူများအား လည်းကောင်း၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၂) တည်ဆောက်ရေး အဖွဲ့မှ ဝန်ထမ်းများအားလည်ကောင်း လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။


ရှုရပ်မှကြည့်ရှု
  • ထို့နောက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် အဖွဲဝင်များသည် စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းဆောင်အနီးရှိရှုရပ်မှ ကြည့်ရှုကြသည်။
  • ယင်းနောက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် စီမံကိန်းလုပ်ငန်းခွင်တစ်လျှောက် လှည့်လည်ကြည့် ရှုစစ်ဆေးပြီး ပင်မတမံရှုရပ်မှ ရဲရွာရေလှောင်ကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ပင်မတမံ လက်ဝဲဘက်ခြမ်း နှင့် ပင်မတမံ လက်ယာဘက်ခြမ်း RCC ကွန်ကရစ်အပြီးသတ် သွန်းလောင်းခြင်းလုပ်ငန်းများ၊ ဓါတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ စက်ရုံ ရေထုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း၊ ရေပိုလွှဲ တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ရာနှုန်းပြည့်ပြီးစီးတော့မည်
  • ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ အဓိကတည်ဆောက်ရေးလုပ်ငန်းများအနက် ရေလွှဲဥမင်လိုဏ် အမှတ်(၁)နှင့် အမှတ်(၂) ရေလွှဲအဆောက်အအုံလုပ်ငန်းတို့မှာ ရာနှုန်းပြည့်ပြီးစီးပြီး RCC ပင်မတမံ လုပ်ငန်းမှာ ရက်ပိုင်းအတွင်း ရာနှုန်းပြည့်ပြီးစီးတော့မည်ဖြစ်ရာ စီမံကိန်းတစ်ခုလုံးအနေဖြင့် ၆၇ ဒသမ ၃၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။