ဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်းနှင့် ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့် စိုင်တင် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်နေရာ ကြည့်ရှု စစ်ဆေး

January 31, 2009
(နေပြည်တော် ဇန်န၀ါရီ ၃၀၊ ၂၀၀၉)
  • အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းနှင့် အမှတ်(၂)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်တို့သည် ဇန်န၀ါရ်ီလ ၂၈ ရက် မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ စိုင်တင်ချောင်းပေါ်တွင် တည်ရှိသည့် စိုင်တင်ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့် နေရာ၌ စိုင်တင် ရေတံခွန်တောင်မှ ရေစီးဆင်းနေမှု အခြေအနေ၊ စိုင်တင်ချောင်းရိုးတစ်လျှောက် ရေစီးဝင်နေမှု အခြေအနေများနှင့် လျှိုပိတ်တမံ တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
  • ယင်းနောက် ရှင်းလင်းဆောင်၌ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်ားကည်က စီမံကိန်း အကောင်အထည်ဖော် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ၀န်ကြီးများက စီမံကိန်းစူးစမ်းလေ့လာခြင်းကို အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် အကြို အင်ဂျင်နီယာလုပ်ငန်းများ စတင်ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
  • ထို့နောက် ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းနှင့် ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်တို့သည် ဘူးသီးတောင်မြို့ ဗန္ဓုလခန်းမသို့ ရောက်ရှိပြီး ဘူးသီးတောင်မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားကာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက ဘူးသီးတောင်မြို့နယ်အတွက် ပညာရေးဝန်ကြီးဌာနက လှူဒါန်းသော စာအုပ်၊ စာရေးကိရိယာများနှင့် ကျန်းမာရေးဝန်ကြီးဌာနက လှူဒါန်းသော ဆေးဝါးများ ကိုလည်းကောင်း၊ ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်က ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသော စာအုပ်၊ စာစောင်များကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံကြသည်။ တွေ့ဆုံပွဲအပြီးတွင် ၀န်ကြီးများသည် ဒေသခံ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
မဂ္ဂါဝပ် ၇၀ ရရှိမည်
  • အဆိုပါ စိုင်တင်ရေအားလျှပ်စစ်စီမံကိန်းသည် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် အသစ်တည်ဆောက်မည့် စီမံကိန်းဖြစ်ပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၀ ခန့် ရရှိမည့် စီမံကိန်းဖြစ်ကြောင်း သိရှိရသည်။
Advertisements

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း မြစ်ရေလွှဲပြီ

January 22, 2009
(နေပြည်တော် ဇန်န၀ါရီ ၂၁၊ ၂၀၀၉)
  • နေပြည်တော် ပျဉ်းမနား၏ အရှေ့ဘက် ၂၆ မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၁) တည်ဆောက်ရေးမှ တည်ဆောက် အကောင်အထည်ဖော် လျက်ရှိသော အထက် ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်း၏ မြစ်ရေလွှဲခြင်းအခမ်းအနားကို လွန်ခဲ့သော ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီက အဆိုပါ စီမံကိန်းတည်ရာ၌ ကျင်းပခဲ့သည်။

တခဲနက်အားပေး

  • အစီအစဉ်အရ ရှေးဦးစွာ ဧည့်သည်တော်များသည် စီမံကိန်း၏ လက်ယာဘက်ကမ်းရှိ ယာယီ မဏ္ဍပ်တွင် နေရာယူပြီးနောက် မင်္ဂလာအချိန် နံနက် ၉ နာရီတွင် စီမံကိန်းရှိ အင်ဂျင်နီယာများနှင့် ၀န်ထမ်း များက ပေါင်းလောင်းမြစ် လက်ဝဲဘက်ကမ်းနှင့် လက်ယာဘက်ကမ်းတို့မှ စက်ယန္တရားကြီးများ၊ ကျောက်သားများဖြင့် အားသွန်ခွန်စိုက် ထိုးပိတ်ကြရာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ ဒုတိယ၀န်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များက လက်ခုပ်လက်ဝါးတီး၍ လည်းကောင်း၊ ယဉ်ကျေးမှု အကအဖွဲ့များက အိုးစည်ဒိုးပတ်များ တပျော်တပါးတီးမှုတ်ကခုန်၍ လည်းကောင်း တစ်ခဲနက် အားပေးခဲ့ ကြသည်။

အားပေးစကား

  • ထို့နောက် ၀န်ကြီးနှင့်အဖွဲ့သည် ပိတ်ပြီးသွားသော ရေလွှဲတမံ လက်ယာဘက်ကမ်းမှ လက်ဝဲ ဘက်ကမ်းသို့ တမံပေါ်မှ ဖြတ်သန်းစစ်ဆေးကြည့်ရှုပြီးနောက် ၀န်ကြီးက လုပ်ငန်းဆောင်ရွက်နေကြသော စီမံကိန်းဝန်မ်းများ၊ အခမ်းအနားသို့ တက်ရောက်လာသော ဒေသခံပြည်သူများ၊ ယဉ်ကျေးမှုအကအဖွဲ့ဝင် များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့သည်။

အထိမ်းအမှတ်

  • ၄င်းနောက် ၀န်ကြီး၊ ဒုတိယ၀န်ကြီးနှင့် အဖွဲ့တို့သည် ပေါင်းလောင်းမြစ်အတွင်း အမွှေး နံ့သာရည်များ ပက်ဖျန်းပေးပြီးနောက် စီမံကိန်း၏ လက်ယာဘက်ကမ်းရှိ မဏ္ဍပ်၌ စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေကြသော ၀န်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး မြစ်ရေလွှဲခြင်း လုပ်ငန်း အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရောင်စုံမိုးပျံပူဖောင်းများ လွှတင်ကာ ရေလွှဲဥမင် (အ၀င်) ပိုင်းရှိ ပေါင်းလောင်းမြစ်အတွင်းသို့ ရွှေဘောလုံး၊ ငွေဘောလုံးနှင့် ရောင်စုံဘောလုံးများ ရေထဲမျှောချ ခဲ့ကြသည်။
  • ၄င်းနောက် ၀န်ကြီး၊ ဒုတိယ၀န်ကြီးနှင့် တာဝန်ရှိသူများသည် (EL- 378)ရှုရပ်မှနေ၍ ယာယီ ရေလွှဲတမံထိုးပိတ်ပြီးစီးမှု၊ ပင်မတမံတည်ဆောက်မည့်နေရာ၊ ရေယူအဆောက်အအုံ တည်ဆောက်မည့် နေရာ၊ ဓာတ်အားပေးစက်ရုံတည်ဆောက်မည့်နေရာနှင့် ဆွဒ်ယာဒ် တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းပေးခဲ့သည်။

စီမံကိန်းလုပ်ငန်း

  • အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း၌ ထိုသို့မြစ်ရေလွှဲရခြင်းမှာ စီမံကိန်းလုပ်ငန်းများ ဖြစ်သော ပင်မတမံအောက်ခြေ မြေကြီးကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် မြေကြီးကျောက်သား တူးဖော်ခြင်းလုပ်ငန်း၊ ရေယူအဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်း၊ ဆွဒ်ယာဒ်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေတားနံရံ တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ပေါင်းလောင်း မြစ်အတွင်း လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်၍ အဆိုပါလုပ်ငန်းများ ဆောင်ရွက်မည့် နေရာတွင် ရေ၀င်ရောက်မှုမရှိစေရန်အတွက် လုပ်ငန်းခွင် ဧရိယာ၏ အထက်ပိုင်းပေါင်းလောင်းကြီး၊ ပေါင်းလောင်း ငယ် မြစ်ငယ်နှစ်သွယ်တို့ ပေါင်းဆုံရာ နေရာမှာ ပေါင်းလောင်းမြစ်ကို ယာယီပိတ်၍ မြစ်ရေလွှဲထားသော နေရာသို့ ဖြတ်သန်းစီးဆင်းမည့် ရေများကို အချင်း ၃၃ ပေ၊ အလျားပေ ၉၆၀ ရှိ ရေလွှဲဥမင်ဖောက်လုပ်ကာ ပေါင်းလောင်းမြစ်ရေလမ်းကြောင်းကို ယာယီလွှဲပြောင်းစီးဆင်းစေခြင်းဖြစ်သည်။
  • ထိုသို့ မြစ်ရေလွှဲပြီးနောက် မြစ်ရေလွှဲထားသော မူလနေရာ (ပေါင်းလောင်းမြစ်အတွင်း)တွင် ကျန်ရှိနေသော ရေများကို ကုန်စင်အောင် စုပ်ထုတ်ပြီးမှ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပေသည်။

သိုလှောင်မည်

  • တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပါက ယာယီမြစ်ရေလွှဲထားသော ရေလွှဲဥမင်ကို ရေလွှဲဥမင်အပေါ်တွင် တပ်ဆင်ထားသော ရေတံခါးနှစ်ချပ်ဖြင့် ပိတ်၍ ယာယီရေတားတမံကို ပြန်လည် တူးဖော်ကာ မူလပေါင်းလောင်း မြစ်ကြောင်းအတိုင်း အထက်ပေါင်းလောင်းစီမံကိန်းရှိ ရေလှောင်တမံ အတွင်း မြစ်ရေစီးဝင် သိုလှောင်မည် ဖြစ်ပါကြောင်း ကွင်းဆင်းလေ့လာ တင်ပြလိုက်ရပါကြောင်း။

အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းအား ဧည့်တွေ့ဆုံ

January 18, 2009
(နေပြည်တော် ဇန်န၀ါရီ ၁၇၊ ၂၀၀၉)

  • အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းအား ကနေဒါနိုင်ငံ၌ ရုံးစိုက်သည့် Tekmar Energy & Communication Inc မှ ဒုတိယဥက္ကဋ္ဌ Mr. Shahiahan Shah သည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
  • ထိုသို့တွေ့ဆုံရာ၌ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးမြင့်၊ ဌာန ဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရေအားလျှပ်စစ်စီမံကိန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးမြှပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး သူဋ္ဌေးရေအားလျှပ်စစ် စီမံကိန်း ကြည့်ရှုစစ်ဆေး

January 13, 2009

(နေပြည်တော် ဇန်န၀ါရီ ၁၂၊ ၂၀၀၉)

  • ရခိုင်ပြည်နယ် အမ်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးမောင်အေးသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးတင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်အရာရှိကြီးများ၊ ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး၊ အစိုးရအဖွဲ့ အဖွဲ့ဝင် ၀န်ကြီး၊ ဒုတိယ၀န်ကြီး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် ဇန်န၀ါရီ ၁၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရဟတ်ယာဉ်များဖြင့် အမ်းမြို့မှ သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာ သူဋ္ဌေးချောင်းပေါ်၌ တည်ဆောက်အကောင်အထည်ဖော်လျက်ရှိသော သူဋ္ဌေးရေအားလျှပ်စစ် စီမံကိန်းသို့ ရောက်ရှိ သည်။
  • စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင် များအား အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးမြင့်၊ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြည်နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
  • ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်မှူးကြီးသည် စီမံကိန်းရှင်းလင်းဆောင် ရှုရပ်မှနေ၍ သူဋ္ဌေးရေအား လျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်အတွင်း စက်ယန္တရားကြီးများဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
  • ထို့နောက် စီမံကိန်းရှင်းလင်းဆောင်၌ ဒုတိယဗိုလ်ချုပ်မှူးကြီးအား အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက ရခိုင်ပြည်နယ်အတွင်းရှိ ရေအားအရင်းအမြစ်များမှ ရေအားလျှပ်စစ်ထုတ်လုပ်ရရှိနိုင်မည့်နေရာများ၊ ရခိုင်ပြည်နယ်အတွင်း ဓာတ်အားပေးကွန်ရက်စနစ် တည်ဆောက်ပြီး ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် အခြေအနေများကို ရှင်းလင်း တင်ပြရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရေအရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ၁၁၁ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် သူဋ္ဌေး ရေအားလျှပ်စစ်စီမံကိန်းနှင့် မဂ္ဂါဝပ် ၁၀ ထုတ်လုပ်နိုင်မည့် အမ်းချောင်းရေအားလျှပ်စစ်စီမံကိန်းတို့မှာ တည်ဆောက်ဆဲ စီမံကိန်းလုပ်ငန်းများဖြစ်ပါကြောင်း၊ မဂ္ဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်မည့် လေးမြို့ရေအား လျှပ်စစ်စီမံကိန်းနှင့် ၇၆ ဒသမ ၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စိုင်ဒင်ရေအားလျှပ်စစ်စီမံကိန်းတို့မှာ တည်ဆောက်ရန်လျာထားသော စီမံကိန်းများ ဖြစ်ပါကြောင်း၊ အဆိုပါရေအားလျှပ်စစ်စီမံကိန်း(၄)ခု ပြီးစီး သွားပါက စုစုပေါင်းလျှပ်စစ် ၆၉၇ ဒသမ ၅ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်အားရှိမည်ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်း မြို့နယ်များသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်း။
  • ရခိုင်ပြည်နယ် သူဋ္ဌေးချောင်းပေါ်တွင် တည်ဆောက်မည့် သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းအား ဆောင်ရွက်နိုင်ရန် အကြိုစူးစမ်းလေ့လာမှုများကို ၂၀၀၄ ခုနှစ် ဧပြီလမှ စတင်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ စက်တစ်လုံးလျှင် ၃၇ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်သည့် တာဘိုင်စက် သုံးလုံးမှ လျှပ်စစ်ဓာတ်အား ၁၁၁ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ အဓိက ရေအားအဆောက်အအုံများအနေဖြင့် အလျား ၂၃၂၆ ပေရှိ အမှတ်(၁)ရေလွှဲဥမင်လိုဏ်နှင့် အလျား ၁၈၇၅ ပေရှိ အမှတ်(၂) ရေလွှဲဥမင်လိုဏ်၊ ပင်မတမံ၊ ရေပိုလွှဲ၊ ဖိအားမြင့် သံမဏိ ပိုက်လိုင်းများဖြစ်ပါကြောင်း။
  • တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ်နံရံ တည်ဆောက်ခြင်း လုပ်ငန်းကို ခေတ်မီလုပ်ငန်းသုံး စက်ယန္တရားဖြစ်သည့် Bauer Trench Cutter အား အသုံးပြု၍ တည်ဆောက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
  • ဆက်လက်၍ ဒုတိယ၀န်ကြီးဦးမျိုးမြင့်က ပင်မတမံတည်ဆောက်မှု ပုံစံဒီဇိုင်းနှင့် Trench Cutter ဖြင့် တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ် နံရံတည်ဆောက်မည့် အစီအစဉ်များ၊ ငလိုက်၊ မုန်း၊ သဖန်းဆိပ် စသည့် ရေလှောင်တမံများ၌ စိမ့်ရေတားကွန်ကရစ်နံရံများ ထည့်သွင်း တည်ဆောက်ခဲ့ပုံများကို ရှင်းလင်းတင်ပြသည်။
  • ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်မှူးကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံခြားသား ပညာရှင်များအား လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။
  • ဆက်လက်၍ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့်အဖွဲ့ဝင်များသည် သူဋ္ဌေးရေအားလျှပ်စစ် စီမံကိန်း၏ လုပ်ငန်းတစ်ခုဖြစ်သော တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ်နံရံ စတင်တည်ဆောက်ခြင်း အခမ်းအနားကျင်းပမည့် မင်္ဂလာမုခ်ဦးရှေ့သို့ သွားရောက် နေရာယူကြသည်။
  • ယင်းနောက် မင်္ဂလာအချိန်နှင့် တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ်နံရံ တည်ဆောက်မှု စတင် ဆောင်ရွက်ရန် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်၊ တိုင်းမှူး ဗိုလ်ချုပ် သောင်းအေး၊ ၀န်ကြီးဗိုလ်မှူးကြီးဇော်မင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။
  • ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်၊ တိုင်းမှူးဗိုလ်ချုပ်သောင်းအေး၊ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းတို့သည် တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ်နံရံ တူးဖော်တည်ဆောက်မည့် စက်ယန္တရား (Trench Cutter)ကို အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းပေးကြသည်။
  • ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးသည် တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ်နံရံ တည်ဆောက်မှု လုပ်ငန်းသုံး စက်ယန္တရား (Trench Cutter)အား Guide Wall ပေါ်တွင် နေရာချထားပြီး မြေတူးခြင်းလုပ်ငန်း စတင်ဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လုပ်ငန်းများကို စေတနာထား၍ ကြိုးစားလုပ်ကိုင်ရန်၊ အစစ သပ်ရပ်သေချာစွာဆောင်ရွက်ရန် မှာကြား သည်။ ယင်းစက်ယန္တရားသည် စိမ့်ရေတားနံရံကို အနက်ပေ ၂၀၀ ထိ တူးဖော်နိုင်အားရှိကြောင်း သိရှိရသည်။
  • ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးသည် သူဋ္ဌေးရေအားလျှပ်စစ်တွင် တာဝန်ထမ်းဆောင် နေကြသော ၀န်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ပြန်လည်ထွက်ခွာခဲ့သည်။
  • အဆိုပါ သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းသည် ရခိုင်ပြည်နယ် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ သူဋ္ဌေးချောင်းပေါ်၌ တည်ရှိ၍ တပ်ဆင်စက်အင်အား ၁၁၁ မဂ္ဂါဝပ်ရှိသော ရေအားလျှပ်စစ်စက်ရုံတစ်ခုတည်ဆောက်ပြီး နှစ်စဉ်ထုတ်လုပ်နိုင်မည့် ဓာတ်အားကီလိုဝပ်နာရီ ၃၈၆ သန်းကို ရခိုင်ပြည်နယ်အတွင်းသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန် ရည်ရွယ် တည်ဆောက်လျက် ရှိသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ကွန်းချောင်းရေအားလျှပ်စစ်စီမံကိန်း ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း ကြည့်ရှုစစ်ဆေး

January 2, 2009
(နေပြည်တော် ဇန်န၀ါရီ ၁၊ ၂၀၀၉)
  • အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဗိုလ်မှူးကြီးဇော်မင်းသည် ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းတွင် ပဲခူးတိုင်း ဖြူးမြို့နယ်၏ အနောက်ဘက် (၉)မိုင်ခန့်အကွာ ကွန်းချောင်းပေါ်တွင် ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၃) တည်ဆောက်ရေးက တည်ဆောက်အကောင် အထည်ဖော်လျက်ရှိသော ကွန်းချောင်းရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိပြီး မြေသားများ ကျောက်များ ဖို့၍ စက်ယန္တရားကြီးများဖြင့် ကြိတ်နေမှု၊ အရည်အသွေး စမ်းသပ်ထိန်းသိမ်းဆောင်ရွက်နေမှု၊ ရေပိုလွှဲ တည်ဆောက်နေမှုနှင့် ရေလျှံထိန်းစည် တည်ဆောက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
  • ထို့နောက် ၀န်ကြီးသည် ရေယူဥမင်အ၀င်ပိုင်း တူးဖော်နေမှု၊ ကွန်ကရစ်လိုင်နင်လောင်းရန် သံချီ သံကွေး သံမဏိပုံစံ Frame များ တပ်ဆင်နေမှု၊ ရေယူဥမင်လိုဏ်အတွင်း မြေသား ထိန်းသိမ်းကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် မြေကြီးကျောက်သား တူးဖော်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ပြီးစီး
  • အဆိုပါ ကွန်းချောင်းစီမံကိန်းသည် စက်တပ်ဆင်အား မဂ္ဂါဝပ် ၆၀ ရှိပြီး ယခုအခါ စီမံကိန်း တစ်ခုလုံး ရာခိုင်နှုန်း ၇၀ ပြီးစီးနေပြီဖြစ်သည်။
  • ယင်းနောက် ၀န်ကြီးသည် ရဲနွယ် ရေလှောင်တမံနှင့် ရဲနွယ်ဓာတ်အားပေးစက်ရုံကို ရောက်ရှိကာ တမံအတွင်း ရေ၀င်ရောက်မှုနှင့် ရေသိုလှောင်မှု လက်ကျန်ပမာဏကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံအတွင်း ထိန်းချုပ်ခန်း၌ ဓာတ်အားပေးစက်နှစ်လုံး မောင်းနှင်နေမှုကိုလည်းကောင်း၊ Switch Yard သို့ရောက်ရှိပြီး ဓာတ်အားထုတ်လုပ် ပို့လွှတ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ ရဲနွယ် ဓာတ်အားပေးစက်ရုံသည် စက်တပ်ဆင်အား ၂၅ မဂ္ဂါဝပ်ဖြစ်ပြီး တစ်နှစ်လျှင် လျှပ်စစ်ကီလိုဝပ်နာရီ သန်းပေါင်း ၁၂၃ သန်း ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။