EP-1 Minister receives Chinese guests

January 29, 2010

(NAY PYI TAW, 28 Jan, 2010)


  • Minister for Electric Power No (1) Col Zaw Min received Chairman Mr. Feng Ke of Union Resources & Engineering Co. Ltd of the People’s Republic of China and party at his office here this morning.
  • Also present at the call were Deputy Minister U Myo Myint, the directors-general, the managing director and officials and Vice- Chairman Mr. Guan Yukun.
Advertisements

ဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဧည့်အဖွဲ့တွေ့ဆုံ

January 28, 2010

(နေပြည်တော် ဇန်န၀ါရီ ၂၈၊ ၂၀၁၀ခုနှစ်)

  • အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းအား တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ Union Resources & Engineering Co., Ltd. မှ Chairman Mr. Feng Ke နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
  • ထိုသို့တွေ့ဆုံရာတွင် ဒုတိယ၀န်ကြီး ဦးမျိုးမြင့်၊ ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာန နှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ Union Resources & Engineering Co., Ltd. မှ Vice Chairman Mr. Guan Yukun နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိ သည်။

အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနနှင့် တရုတ်နိုင်ငံတို့ သောက်ရေခပ်(၂)ရေအားလျှပ်စစ်စီမံကိန်းအတွက် စာချုပ်လက်မှတ်ရေးထိုး

January 21, 2010

(နေပြည်တော် ဇန်န၀ါရီ ၂၁၊ ၂၀၁၀ခုနှစ်)

  • အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China National Machinery & Equipment Import & Export Corporationတို့ သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်း အတွက် HSS, EM, Machinery and Servicesများ ၀ယ်ယူခြင်းအတွက် Contract စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇန်န၀ါရီ ၂၀ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
  • အဆိုပါအခမ်းအနားသို့ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၀န်ကြီးဦးစိုးသာ၊ အမှတ်(၂)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်ခင်မောင်မြင့်၊ ရှေ့နေချုပ်ဦးအေးမောင်၊ ဒုတိယ၀န်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ China National Machinery & Equipment Import & Export Corporationမှ Vice President. Mr. Han Gang နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စီးပွားရေးကောင်စစ်ဝန်Mr.Jin Honggen၊ ရွှေစွမ်းအင်ကုမ္ပဏီလီမိတက်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
  • ရှေးဦးစွာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် China National Machinery & Equipment Import & Export Corporation မှ Vice President. Mr. Han Gang က Contract စာချုပ်လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။
  • ယင်းနောက် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China National Machinery & Equipment Import & Export Corporation မှ Vice President. Mr.Han Gang တို့သည် Contractစာချုပ်များကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ခဲ့ကြကာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သတင်းရရှိသည်။

EP-1 Ministry, DUHD sign MoU on Hydropower projects

January 9, 2010

(NAY PYI TAW, 8 Jan, 2010)


  • Minister for Electric Power No. (1) Col Zaw Min received President Mr. Jiang Jianping of Datang (Yunnan) United Hydropower Developing Co., Ltd (DUHD) of the People’s Republic of China at the Ministry here yesterday.
  • Also present on the occasion were Deputy Minister U Myo Myint, Directors- General, Managing- Directors and officials of Departments and Corporations under the Ministry, Chief Economic Mr. Wu Jing and personnel of DUHD. At the meeting, the two sides discussed the matters related to hydropower projects in Myanmar.
  • After the meeting, the Hydropower Planning Department under the Ministry of Electric Power No.(1) and DUHD signed MoU at the ministry in the presence of Minister Col Zaw Min. The directorgeneral of the Hydropower Planning Department and Mr Wu Jing, Chief Economic of DUHD inked the MoU and exchanged the documents.
  • Also present at the signing ceremony were Minister for National Planning and Economic Development U Soe Tha, Minister for Finance and Revenue Maj-Gen Hla Tun, Attorney- General U Aye Maung, deputy ministers, directors-general, managing directors of the departments under the ministry, President Mr Jiang Jiangping of DUHD and officials concerned.

၂၀၁၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ရဲရွာ ရေအားလျှပ်စစ် ထုတ်လုပ်မှု စမ်းသပ် လည်ပတ်မည်ဟု သိရ

January 5, 2010
  • ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းတွင် တပ်ဆင်ထားသည့်လျှပ်စစ်တာဘိုင်ကို ၂၀၁၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၁၂ရက်နေ့၊ ပြည်ထောင်စုနေ့တွင် စတင်လည်ပတ်ရန်စီစဉ်ထားကြောင်း သတင်းရရှိသည်။ ရဲရွာ ရေအားလျှပ်စစ် ပေးဝေရေးစီမံကိန်းတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဝေနိုင်ရန် စက်တပ်ဆင်အား ၁၈၀ မဂ္ဂါဝပ်ကျော်ထွက်ရှိနိုင်သည့် လျှပ်စစ်တာဘိုင် လေးလုံး တပ်ဆင်ထားရာ ယင်းတို့အနက် ပထမဆုံးတာဘိုင် တစ်လုံး စတင် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်တာဘိုင် လေးလုံးလည်ပတ် နိုင်ပါက စက်တပ်ဆင်အား ၇၉၀ မဂ္ဂါဝပ်ထွက်ရှိမည်ဟု သိရသည်။ အဆိုပါ လျှပ်စစ်တာဘိုင် လေးလုံး အပြည့်အ၀ လည်ပတ်နိုင်မည့် အချိန်ကို ၂၀၁၀ပြည့်နှစ် မေလတွင် မှန်းဆထားကြောင်း သိရသည်။ ယင်းအပြင် ၂၀၁၀ ဖေဖေါ်ဝါရီလတွင် ပထမဆုံးတာဘိုင် လည်ပတ်ချိန်၌ ရရှိမည့် လျှပ်စစ်ဓာတ်အား ၁၈၀ မဂ္ဂါဝပ်ကျော်ကို ရန်ကုန်မြို့တော်သို့ ပေးပို့သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ၅၀၀ မဂ္ဂါဝပ်ဖြစ်သည်။ ရန်ကုန်မြို့တော်အား ၂၀၁၀ ပြည့်နှစ်မေလတွင် လျှပ်စစ်ဓာတ်အား အပြည့်အ၀ ပေးဝေနိုင်ရေးအတွက် ဧရာဝတီတိုင်းရှိ ကမ်းလွန်ပင်လယ်ပြင်မှ ဓာတ်ငွေ့ပိုက်လိုင်းသစ်တစ်ခုကို အလျင်အမြန် တပ်ဆင်လျက်ရှိရာအဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့ကုဗပေ နှစ်သန်းကျော် ရရှိမည်ဖြစ်သည်။ ယင်းပမာဏသည် ရန်ကုန်မြို့တော်တွင် တပ်ဆင်ထားသည့် ဓာတ်ငွေ့နှင့် လည်ပတ်နေသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ လေးရုံကို လည်ပတ်နိုင်သည့် ပမာဏ ရှိကြောင်းလည်း သိရသည်။ အဆိုပါ စက်ရုံလေးရုံနှစ်ဆယ့် လေးနာရီ လည်ပတ်နိုင်ပါက ရန်ကုန်မြို့တော်တွင် လျှပ်စစ်ဓာတ်အား နှစ်ဆယ့်လေးနာရီ အပြည့်အ၀ ရရှိလာနိုင်မည်ဟုလည်း သတင်းရရှိပါသည်။ ရန်ကုန်မြို့တော်သို့ ၂၄ နာရီလျှပ်စစ်မီးပေးဝေနိုင်ရန် ရည်ရွယ်သည့်အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကိုလာမည့် ၂၀၁၀ ဧပြီလတွင်ပြီးစီးနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားပြီး မေလတွင် လျှပ်စစ်မီး စတင် ပေးဝေနိုင်ရန် မျှော်မှန်းထားကြောင်း၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၂၀ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.khitlunge.net.mm/news/news_detail.aspx?info_id=17913