EP No. 1 Minister receives Thai Ambassador

May 29, 2010

(NAY PYI TAW, 28 May, 2010)


  • Minister for Electric Power No. 1 U Zaw Min received Thai Ambassador to the Union of Myanmar Mr. Apirath Vienravi at his office here yesterday morning.
  • Also present at the call were departmental heads and officials concerned of the departments and enterprises under the ministry.
Advertisements

Chinese corporation, local company to implement Mawlaik hydropower, Kalewa coal-fired thermal power plant projects

May 29, 2010
(NAY PYI TAW, 28 May, 2010)

  • A signing ceremony of MoU among Department of Hydropower Planning Department under the Ministry of Electric Power No. 1, China Guodian Corporation of the People’s Republic of China and Tun Thwin Mining Co., Ltd for the development of Mawlaik hydropower project and Kalewa coal-fired thermal power plant project was held at the meeting hall of the ministry, here, yesterday.
  • Minister for Electric Power No. 1 U Zaw Min, Minister for National Planning and Economic Development U Soe Tha, Attorney-General U Aye Maung, directors-general, managing directors, officials and responsible persons of China Guodian Corporation and Tun Thwin Mining Co Ltd attended the ceremony.
  • After making an opening speech by Minister U Zaw Min, the Executive Vice-President of the Chinese company expressed thanks for the signing ceremony.
  • Director-General U Kyee Soe of the Hydropower Planning Department, Executive Vice-President Mr. Mi Shuhua of Chinese company and Chairman U Thein Tun of Tun Thwin Mining Co Ltd signed MoUs and exchanged the notes. They later had a documentary photo taken.

ဦးဇော်မင်း ကွန်းချောင်းရေအားလျှပ်စစ် စီမံကိန်း ကြည့်ရှုစစ်ဆေး

May 20, 2010

(နေပြည်တော် မေ ၂၀၊ ၂ ၀၁၀ခုနှစ်)

  • အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးဦးဇော်မင်းသည် မေ ၁၈ ရက်နံနက်ပိုင်းတွင် ပဲခူးတိုင်း ဖြူးမြို့၏ အနောက်တောင်ဘက် ကိုးမိုင်ခန့်အကွာ ကွန်းချောင်းပေါ်တွင် အမှတ်(၃)တည်ဆောက်ရေးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကွန်းချောင်း ရေအား လျှပ်စစ်စီမံကိန်းသို့ ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်၌ တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးနေ၀င်းသိန်းက ရေလွှဲရေထုတ်ပြွန်နှင့် ရေထိန်းမျှော်စင်လုပ်ငန်း၊ ပင်မတမံလုပ်ငန်း၊ ရေပိုလွှဲလုပ်ငန်းနှင့် ရေယူအဆောက်အအုံ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ရေသွယ်ဥမင်လိုဏ် ဖောက်လုပ်ခြင်း လုပ်ငန်းနှင့် ချဉ်းကပ်ဥမင်လိုဏ် ဖောက်လုပ်ပြီးစီးမှု၊ ရေလျှံထိန်းစည်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ဖိအားမြှင့် သံမဏိပိုက်လိုင်း တပ်ဆင်ပြီးစီးမှုနှင့် ကျန်ရှိမှု၊ ကွန်ကရစ်လုပ်ငန်းပြီးစီးမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ၀န်ကြီးက လုပ်ငန်းတစ်ခုချင်းအလိုက် ပြီးစီးအောင်ဆောင်ရွက်ရမည့် အချိန်ကာလများအတွင်း အောင်မြင်စွာ ပြီးစီးရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းနှင့်အညီ စနစ်တကျသုံးစွဲရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် စီမံကိန်းဝင်းအတွင်း စနစ်တကျရှိရေး၊ အထူးဂရုပြု ကြပ်မတ်ဆောင်ရွက်ထားရှိရေး စသည်ဖြင့် မှာကြားသည်။
  • ထို့နောက် ၀န်ကြီးသည် စီမံကိန်းရှင်းလင်းဆောင်ရှုရပ်မှ ပင်မတမံ တည်ဆောက်ပြီးစီးမှု၊ ရေထိန်းမျှော် စင်ဆောက်လုပ်ပြီးစီးမှုနှင့် ရေယူအဆောက်အအုံ Leading Channelူ လုပ်ငန်းဆောင်ရွက်နေမှု ကိုလည်းကောင်း၊ စီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ ဖိအားနိမ့် သံမဏိပိုက်လိုင်း တပ်ဆင်ခြင်းနှင့် ကွန်ကရစ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ရေပိုလွှဲ ကွန်ကရစ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု တို့ကိုလည်းကောင်း၊ ရေသွယ်ဥမင်လိုဏ်နှင့် ချဉ်းကပ် ဥမင်လိုဏ် RD (1581m) ၌ တိုးလျှိုပေါက်ဖောက်လုပ်ပြီးစီးမှု (Break Through Point)နှင့် ကွန်ကရစ်လိုင်နင်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့ကိုလည်းကောင်း၊ ဓာတ်အားပေးစက်ရုံ လုပ်ငန်းခွင်ရှုရပ်မှ ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးစီးမှု၊ ဖိအားမြှင့်သံမဏိပိုက်လိုင်း Trifurcation သံမဏိပိုက်တပ်ဆင်နေမှု၊ ဓာတ်အားပေးစက်ရုံအတွင်း စက်မှု၊ လျှပ်စစ် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် Unit (1) SpiralCasing လုပ်ငန်း ဆောင်ရွက်နေမှု တို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ဝန်ကြီး ဦးဇော်မင်း အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း ကြည့်ရှုစစ်ဆေး

May 16, 2010

(နေပြည်တော် မေ ၁၆၊ ၂၀၁၀ခုနှစ်)

  • အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးဦးဇော်မင်းသည် မေ ၁၄ရက် နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနား အရှေ့ဘက် ၂၆ မိုင်အကွာရှိ ပေါင်းလောင်းမြစ်ပေါ်၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းသို့ ရောက်ရှိစစ်ဆေးရာ စီမံကိန်း ရှင်းလင်းဆောင်၌ ညွှန်ကြားရေးမှူးက စီမံကိန်းတစ်ခုလုံး၏ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအခြေအနေ၊ အဓိကပံ့ပိုးပစ္စည်းများရရှိမှုနှင့် လိုအပ်ချက် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
  • ထို့နောက် ၀န်ကြီးက လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းပေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် လုပ်ငန်းတစ်ခုချင်းအလိုက် အချိန်ကာလများ သတ်မှတ်ဆောင်ရွက်ရေးကို ဆွေးနွေးမှာကြားသည်။
  • ယင်းနောက် ၀န်ကြီးသည် ကျောက်ထုတ်စခန်း၌ စက်ယန္တရားကြီးများဖြင့် ကျောက်များတူးဖော်နေမှု၊ Crushing Plant ရှိ ခွဲကျောက်များ စုဆောင်းထားရှိမှုနှင့် ခင်းကျင်းပြသထားသည့် ခွဲကျောက် နမူနာများကိုလည်းကောင်း၊ EL.(378-m) ရှိ ရှုရပ်မှ စီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ ပင်မတမံ မြေကြီးကျောက်သား တူးဖော်နေမှု၊ ဓာတ်အားပေးစက်ရုံမြေနေရာ၊ မြေကြီးကျောက်သား တူးဖော်ပြီးစီးမှုနှင့် ဆွဒ်ယာဒ် တည်ဆောက်မည့်နေရာ၊ SeparationWall (ရေကာကွန်ကရစ်နံရံ) တည်ဆောက်ပြီးစီးမှုနှင့် Bottom Outlet Levelling Concrete လုပ်ငန်းဆောင်ရွက်နေမှု တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
  • ဆက်လက်၍ ပင်မတမံ Block-15- Levelling Concrete သွန်းလောင်းပြီးစီးမှုနှင့် Block – 16 – LevellingConcrete သွန်းလောင်းရန် ပြင်ဆင်နေမှု၊ High Tech Concrete Technology Co., Ltd. မှ RCC Full Scale Tria ပြုလုပ်မည့်နေရာ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် RCC ကွန်ကရစ်ဖျော်စက် တပ်ဆင်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
  • ထို့နောက် ၀န်ကြီးသည် မွန်းလွဲပိုင်းတွင် နန်ချို ရေအားလျှပ်စစ် စီမံကိန်းသို့ ရောက်ရှိပြီး ဓာတ်အားပေးစက်ရုံ မြေနေရာအား စက်ယန္တရားကြီးများဖြင့် မြေကြီးကျောက်သားတူးဖော်နေမှု၊ ဆွဒ်ယာဒ်တည်ဆောက်မည့်နေရာ ရှင်းလင်းထားရှိမှုတို့ကို လည်းကောင်း၊ ရေထိန်းကန် ကွန်ကရစ်သွန်းလောင်းပြီးစီးမှု၊ ဆလူချောင်း ၀ဲဘက်ကမ်းရှိ ရေသွယ်ဥမင်လိုဏ်အပိုင်း(၂) အထွက်ပိုင်း ဥမင်လိုဏ်တူးဖော်နေမှုနှင့် တူးဖော်ပြီးစီးမှု၊ ကျန်ရှိမှု၊ရေတံလျှောက် (P-1 & 2) ကွန်ကရစ်လုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ရေသွယ်ဥမင်လိုဏ်အပိုင်း (၁)၊ ဥမင်လိုဏ် တူးဖော်ပြီးစီးမှုအား Lining Concrete လုပ်ငန်းဆောင်ရွက်ပြီးစီးမှု တို့ကိုလည်းကောင်း၊ ရေယူအဆောက်အအုံနှင့် ရေထိန်းတမံကွန်ကရစ် သွန်းလောင်းပြီးစီးမှု၊ ကျန်ရှိမှုနှင့် သွန်းလောင်းရန် ပြင်ဆင်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။

ရဲရွာရေအားလျှပ်စစ်စီမံကိန်း ၀န်ကြီး ဦးဇော်မင်း ကြည့်ရှုစစ်ဆေး

May 10, 2010

(နေပြည်တော် မေ ၁၀၊ ၂၀၁၀ခုနှစ်)

  • အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးဦးဇော်မင်းသည် မေ ၉ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ အရှေ့တောင်ဘက် ၃၁ မိုင်ခန့်အကွာ ရဲ-ယမန်းရွာအနီးရှိ ရဲရွာရေအားလျှပ်စစ် စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း တမံယာဘက်ကမ်း ရှုရပ်မှနေ၍ Spillway လုပ်ငန်းဆောင်ရွက်ပြီးစီးမှု Switchyard Protection Wall လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လည်းကောင်း၊ ပင်မတမံပေါ်သို့ ရောက်ရှိပြီး တမံအတွင်း ရေ၀င်ရောက်နေမှုနှင့် ရေသိုလှောင်ထားရှိမှု အခြေအနေတို့ကို လည်းကောင်း Tailrace Channel & Training Wall လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို လည်းကောင်း၊ မြစ်အထက်ပိုင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
  • ထို့နောက် တမံဝဲဘက်ကမ်းမှနေ၍ စီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ ပင်မတမံ တည်ဆောက် ပြီးစီးမှု၊ ဖိအားမြှင့်သံမဏိပိုက်လိုင်း တပ်ဆင်ပြီးစီးမှုနှင့် ဓာတ်အားပေးစက်ရုံ Decoration လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
  • ယင်းနောက် ဓာတ်အားပေးစက်ရုံအတွင်း Unit No. (1), Machine Bay လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် Unit No.(2), Unit No. (3), Unit No. (4) တို့အား စက်မှု လျှပ်စစ် တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
  • ဆက်လက်၍ အမှတ်(၁)စက်မှ ဓာတ်အား ပို့လွှတ်နေမှုကိုလည်းကောင်း၊ ဓာတ်အားပေး စက်ရုံအတွင်း Decoration Workများ ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း၊Tailrace Channel မှ ရေထုတ်လွှတ်မှု အခြေအနေတို့ကိုလည်းကောင်း ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း၏ ကွန်ကရစ် လုပ်ငန်း ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

May 1, 2010
(နေပြည်တော် ဧပြီ ၃၀၊ ၂၀၁၀ ခုနှစ်)
  • အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာန၊ ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ NEWJEC Inc. တို့ In House Engineering Services အတွက် Agreement of Consulting Services လက်မှတ်ရေးထိုးခြင်းနှင့် Hight Tech Concrete Technology Co., Ltd. တို့ အထက်ရဲရွာ ရေးအား လျှပ်စစ် စီမံကိန်း၏ ကွန်ကရစ် လုပ်ငန်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန အစည်းအဝေး ခန်းမ ၌ ကျင်းပသည်။
  • အဆိုပါ အခမ်းအနားသို့ အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဦးဇော်မင်း၊ ဒုတိယ ၀န်ကြီး ဦးမျိုးမြင့်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ NEWJEC Inc. မှ President and Director Mr. Masaki MATSUMOTO နှင့် အဖွဲ့ဝင်များ Hight Tech Concrete Technology မှ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
  • ရှေးဦးစွာ အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာန ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်နှင့် ဂျပန်နိုင်ငံ NEWJEC Inc. မှ Director and General Manager Mr. Yukao TANAKA တို့သည် ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် Agreement of Consulting Services အတွက် စာချုပ်ကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြသည်။
  • ထို့နောက် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း၏ ကွန်ကရစ် လုပ်ငန်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်နှင့် Hight Tech Concrete Technology Co., Ltd. မှ တာဝန်ရှိသူတို့သည် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြကာ စုပေါင်း၍ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြကြောင်း သတင်းရရှိသည်။