Electric Power No. 1 Minister visits Yeywa Hydropower Project

June 27, 2010

(NAY PYI TAW, 27 June)


* Minister for Electric Power No. 1 U Zaw Min accompanied by personnel concerned yesterday visited Yeywa Hydropower Project near Yeyaman Village about 31 miles from the south-east of Mandalay.

* The project is being implemented by Construction Group No. 2. The minister heard reports on progress of the work and gave necessary instructions.

Advertisements

ဝန်ကြီး ဦးဇော်မင်း ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း၌ ကြည့်ရှု စစ်ဆေး

June 27, 2010

(နေပြည်တော် ဇွန် ၂၇၊ ၂၀၁၀ခုနှစ် )

  • အမှတ် (၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးဦးဇော်မင်းသည် တာဝန်ရှိသူများလိုက်ပါ လျက် ဇွန် ၂၆ရက် နံနက်ပိုင်းတွင် မန္တလေးမြို့၏အရှေ့တောင်ဘက် ၃၁မိုင်ခန့်အကွာ ရဲယမန်းရွာအနီး အမှတ်(၂) တည်ဆောက်ရေးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိပြီး တမံအတွင်း ရေ၀င်ရောက်နေမှုနှင့် ရေသိုလှောင် ထားရှိမှု၊ ဖိအားမြှင့် သံမဏိပိုက်လိုင်းများ တပ်ဆင်ပြီးစီးမှုနှင့် ကွန်ကရစ်သွန်းလောင်းပြီးစီးမှု၊ ဓတ်အားပေး စက်ရုံတည်ဆောက်ပြီးစီးမှု Decoration Work များ ဆောင်ရွက်ပြီးစီးမှုနှင့် Tailrace Channel & Switchyard Slope Protection လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ပင်မတမံပေါ်မှ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြပြီး ၀န်ကြီးက လိုအပ်သည်များ မှာကြားခဲ့သည်။
  • ဆက်လက်၍ ဓာတ်အားပေးစက်ရုံ အတွင်း၌ အမှတ်(၁)စက်မှ ဓာတ်အားထုတ်လွှတ် မောင်းနှင်နေမှု အခြေအနေနှင့် အမှတ်(၂)စက် ဓာတ်အားထုတ်လွှတ် မောင်းနှင်နိုင်ရန်အတွက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ အမှတ်(၃)စက်အတွက် Rotor လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် အမှတ်(၄) စက်အတွက် Stator လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
  • ထို့နောက် ၀န်ကြီးသည် အမှတ်(၁)စက် Turbine လည်ပတ်မောင်းနှင်နေမှုနှင့် အမှတ်(၂)စက် Control Room တပ်ဆင်ပြီးစီးမှု အခြေအနေ တို့ကိုလည်းကောင်း၊ Control Room ၌ Computer System ဖြင့် ဓာတ်အားပို့လွှတ်မှု အခြေအနေနှင့် ဓာတ်အားပေးစက်ရုံ Decoration Workများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
  • ဆက်လက်၍ စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်းက စီမံကိန်း၏ ပင်မတမံလုပ်ငန်း၊ ရေယူအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေလွှဲဥမင်လိုဏ် အ၀င်ပိုင်းနှင့်အထွက်ပိုင်းလုပ်ငန်းများ၊ ရေပိုလွှဲ တည်ဆောက်ပြီးစီးမှုနှင့် ဖိအားမြှင့် သံမဏိပိုက်လိုင်းများ တပ်ဆင်ပြီးစီးမှု၊ ကွန်ကရစ်သွန်းလောင်းပြီးစီးမှုနှင့် ဓာတ်အားပေးစက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ စက်ရုံရေထုတ်မြောင်း ဖောက်လုပ်ခြင်းလုပ်ငန်းနှင့ှ်Switchyard တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြသည်။
  • ယင်းနောက် ခေတ္တဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးတို့က အမှတ်(၁)စက်မှ ဓာတ်အား စတင်ထုတ်လွှတ်ချိန်မှ ယနေ့အထိ ဓာတ်အားထုတ်လွှတ်ပေးနိုင်သည့် အခြေအနေများနှင့် အမှတ်(၂)စက်မှ မကြာမီ ဓာတ်အားထုတ်လွှတ်ပေးနိုင်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ၀န်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး စက်အစိတ်အပိုင်းများ စနစ်တကျနှင့် အချိန်မီပြီးစီးအောင် တပ်ဆင်ရေးတို့ကို တာဝန်ရှိသူများအား အသေးစိတ် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

သံတွဲမြို့ သူဌေးရေလှောင်တမံ ၀န်ကြီး ဦးဇော်မင်း ကြည့်ရှုစစ်ဆေး

June 9, 2010

(နေပြည်တော်၊ ဇွန် ၉၊ ၂၀၁၀ ခုနှစ်)


  • အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးဇော်မင်းသည် ဇွန် ၇ ရက် ညနေ ပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် အမှတ် (၆) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သူဌေး ရေလှောင်တမံ စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း ရေလွှဲဥမင်လိုဏ်မြေကြီးကျောက်သားခိုင်ခံ့မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ မြစ်အထက်ပိုင်းရှိ ရေလွှဲဥမင်လိုဏ်အ၀င်ပိုင်း၊ ဥမင်လိုဏ်အမှတ် (၁) နှင့် အမှတ် (၂) တို့တွင် ဥမင်လိုဏ်တူးဖော်နေမှုနှင့် Steel Lining လုပ်ငန်းများ ဆောင်ရွက် နေမှုနှင့်  ရေလွှဲဥမင်လိုဏ်မြေကြီးကျောက်သားများ ခိုင်ခံ့စေရန်အတွက် Bolt Installation လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ ကို မှာကြားခဲ့သည်။
  • ထို့နောက် ပင်မတမံမြေကြီး ကျောက်သားတူးဖော်ပြီးစီးမှုနှင့် တမံအုတ်မြစ်စိမ့် ရေတားနံရံ (Diaphragm Wall) လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
  • ယင်းနောက် ၀န်ကြီးနှင့် အဖွဲ့အားရှင်းလင်းဆောင်၌ တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးစန်းဝေက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် စီမံကိန်းလုပ်ငန်းခွင်အတွင်းမိုးရာသီ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုရှင်းလင်းတင်ပြပြီး ညွှန်ကြားရေး မှူးချုပ်ဦးမြင့်ဇော်က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
  • ထို့နောက် ၀န်ကြီးကလိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဘေးအန္တရာယ် လုံခြုံရေးကို အထူးဂရုစိုက်ကြရန် မှာကြားကာ စီမံကိန်းရှိ ၀န်ထမ်းများအား သီးသန့်တွေ့ဆုံ၍ လိုအပ်ချက်များကို အသေးစိတ်ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Thahtay Dam project gaining momentum

June 9, 2010

(NAY PYI TAW, 9 June, 2010)


  • On his inspection tour of Thahtay Dam Project on Thahtay creek, 12-mile north-east of Thandwe in Rakhine State, being implemented by Construction No-6, Minister for Electric Power No-1 U Zaw Min inspected construction of tunnel Nos (1) and (2), earth work of diversion tunnel, steel lining and rock bolt installation works and gave necessary instructions on 6 June.
  • After inspecting progress of main embankment and diaphragm wall, the minister heard reports on work progress and follow-up tasks presented by officials and stressed the need for safety measures.

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာ ၀မ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ

June 4, 2010

(ရန်ကုန် ဇွန် ၂၊ ၂၀၁၀ခုနှစ်)

  • ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာ ၀မ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးခရီး လည်ပတ်ရန် ယနေ့ ၃နာရီ ၅မိနစ်တွင် ရန်ကုန်မြို့သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာရာ ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ဝင်း၊ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဦးဇော်မင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးအောင်သိန်းလင်း၊ သာသနာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး သူရ ဦးအောင်ကို၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာယဲ့တာပိုနှင့် သံရုံးမှ တာဝန်ရှိသူများနှင့် မိသားစုများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။
  • ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီးဦးဇော်မင်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး မစ္စတာယဲ့တာပိုတို့ လိုက်ပါလျက် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်(၁) အခြေခံ ပညာ အလယ်တန်းကျောင်းသို့ ရောက်ရှိရာပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်မျိုးမင်း နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုကြသည်။
  • ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ်မစ္စတာဝမ်ကြားပေါင် ဦးဆောင်သောချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းရှိ ပန်းချီခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီလက်ရာမွန်များကို ကြည့်ရှုအားပေးကြရာ ကျောင်းသား၊ ကျောင်းသူလေးများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ်မစ္စတာဝမ်ကြားပေါင်ထံ ပန်းချီကားချပ်ကို အမှတ်တရလက်ဆောင် အဖြစ်ပေးအပ်ကြသည်။
  • ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ကျောင်းဧည့်ခန်းမ၌ အဋ္ဌမတန်းကျောင်းသူ မနှင်းအိနြေ္ဒလင်းက ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၏ သတင်းအချက်အလက်အကျဉ်းကို ရှင်းလင်းတင်ပြသည်။
  • ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူလေးများ၏ မြန်မာ့ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအားပေးကြပြီး စုပေါင်း၍မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
  • ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် အမှာစကား ပြောကြားပြီး ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းအတွက် လှူဒါန်းသည့် ကွန်ပျူတာများစာရင်းကိုပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီးဒေါ်စောယုခင်က လက်ခံသည်။
  • ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်မျိုးမင်းက ကျေးဇူးတင် စကားပြောကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာ ၀မ်ကြားပေါင်အား ကျောက်စိမ်းပန်းချီကားကို အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်သည်။
  • ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ ရောက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ်မစ္စတာဝမ်ကြားပေါင်က စေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်းရှိ ဧည့်သည်တော် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးကာ စေတီတော်မြတ်ကြီးအား ပန်းများဆက်ကပ်လှူဒါန်းသည်။
  • ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာ ၀မ်ကြားပေါင်သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး သူရဦးအောင်ကိုက လက်ခံပြီးရွှေတိဂုံစေတီတော် ပုံတော်ကို ဓမ္မဒါနအဖြစ် ပြန်လည်ပေးအပ်သည်။
  • ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ကြည်ညိုကြပြီး စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
  • ညပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ ဆီဒိုးနားဟိုတယ်၌ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာယဲ့တာပို ဦးဆောင်သော သံရုံးဝန်ထမ်းများ၊ ပညာသင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများအား တွေ့ဆုံသည်။