နောင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည့် အမျိုးသားအမွေအနှစ် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ

July 20, 2010

(နေပြည်တော် ဇူလိုင် ၁၉၊ ၂၀၁၀ ခုနှစ်)

*   မီးခလုတ်ကို လက်ညှိုးလေးကလေးနဲ့ ဖိလိုက်တဲ့အခါ “ဂျောက်”(ချောက်)ဆိုတဲ့ အသံ ပေါ်ထွက်လာပြီး မရှေးမနှောင်းမှာပဲ မီးချောင်း(မီးလုံး)က အလင်းရောင် ဖြာကျလာပါတယ်။
သြော် ….. ခလုတ်ကလေးနှိပ်လိုက်ရုံနဲ့ အလင်းရောင်ရတယ်ဆိုတော့ ငှက်ပျောသီး အခွံနွှာစား သလောက်တောင်း မခက်ပါလားလို့ ထင်စရာ ရှိပါတယ်။
ကြိုးပမ်းလုပ်ဆောင်
*   တကယ်တော့ ဒီလောက်မလွယ်ပါဘူး။ လျှပ်စစ်အလင်းရောင် ရရှိရာ၊ ရရှိကြောင်း အရင်းခံအကြောင်းရင်းကိုသာ ဂဃနဏ သိကြမယ်ဆိုရင် ခလုတ်လေနှိပ်ရုံနဲ့ မီးလင်းအောင် ဘယ်လောက် အထိ ခက်ခက်ခဲခဲနဲ့ အဆင့်ဆင့် ကြိုးပမ်းလုပ်ဆောင် ရတယ်ဆိုတာကို သဘောပေါက်ပါလိမ့်မယ်။ ဒီလိုသဘောပေါက်ရင် လျှပ်စစ်ဓာတ်အားကို ချွေတာရကောင်းမှန်း သိလာပြီး နေ့ခင်းဘက်မှာ မလိုအပ်ဘဲ မီးချောင်း(မီးလုံး)တွေ ဖွင့်ထားတာ၊ တီဗွီကို ကြည့်မယ့်လူ မရှိဘဲ တစ်ချိန်လုံး ဖွင့်ထားတာ စတဲ့ လျှပ်စစ်ဓာတ်အား အလဟဿ ဖြုန်းတီးပစ်တာမျိုးကို မလုပ်ကြတော့ဘူးပေါ့။
အသင့်အသုံးပြု
*   လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်ရတာ အချိန်ယူရသလို ငွေကြေး ကုန်ကျမှုလည်း အလွန်များပါတယ်။ ဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်ပြီးလို့ ဓာတ်အား ထုတ်လုပ်နိုင်ပြီပဲ ဆိုပါတော့…။ ချက်ချင်းအသုံးပြုလို့ရသေးတာမဟုတ်ဘူး။ မဟာဓာတ်အားလိုင်း တွေ၊ ဓာတ်အားခွဲရုံတွေ အဆင့်ဆင့်သွယ်တန်း၊ တည်ဆောက်ပြီးမှသာ စက်ရုံ၊ အလုပ်ရုံနဲ့ နေအိမ် တွေမှာ အသင့်အသုံးပြုလို့ရတာပါ။
*   မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ထုတ်ယူသုံးစွဲနိုင်တဲ့ သဘာဝအရင်းအမြစ်တွေ ပေါကြွယ်ဝ ပါတယ်။ ဒီလိုသဘာဝအရင်းအမြစ်တွ ပေါကြွယ်ဝပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုဖြစ်စဉ်သမိုင်းကို ပြန်ပြောင်းကြည့်ရင် ၁၉၈၈ ခုနှစ် ရှေ့ပိုင်း ကာလတွေမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဆိုလို့ လက်ညှိုးထိုးပြစရာ ၁၆၈ မဂ္ဂါဝပ် ထွက်ရှိတဲ့ ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ၅၆ မဂ္ဂါဝပ် ထွက်ရှိတဲ့ ကင်းတားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတို့ပဲ ရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် မတိုင်မီက ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံဆိုလို့ ပြစရာမရှိခဲ့ပါဘူး။
ထပ်တိုးလာ
*   ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တစ်ခုပြီးတစ်ခု အပြိုင်းအရိုင်းပေါ်ပေါက်လာခဲ့ ပါတယ်။ ပြည်နယ်နှင့် တိုင်းအနှံ့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်နိုင်ခဲ့ရာ မန္တလေး တိုင်းမှာ ဆည်တော်ကြီး ၂၅ မဂ္ဂါဝပ်၊ ပေါင်းလောင်း ၂၈၀ မဂ္ဂါဝပ်နဲ့ ရဲရွာ ၇၉၀ မဂ္ဂါဝပ်၊ ကယားပြည်နယ်မှာ ဘီလူးချောင်းအမှတ်(၁) ၂၈ မဂ္ဂါဝပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ဇော်ဂျီ အမှတ်(၁) ၆၀၀ မဂ္ဂါဝပ်၊ ဇော်ဂျီအမှတ်(၂) ၁၂ မဂ္ဂါဝပ်နဲ့ ရွှေလီအမှတ်(၁) ၆၀၀ မဂ္ဂါဝပ်၊  ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ကျိုင်းတောင်း ၅၄ မဂ္ဂါဝပ်နဲ့ တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၁၂၀ မဂ္ဂါဝပ်၊ ပဲခူးတိုင်းမှာ ဇောင်းတူ ၂၀ မဂ္ဂါဝပ်၊ သဖန်းဆိပ် ၃၀ မဂ္ဂါဝပ်၊ ရဲနွယ် ၂၅ မဂ္ဂါဝပ်နဲ့ ခပေါင်း ၃၀ မဂ္ဂါဝပ်၊ မကွေးတိုင်းမှာ မုန်း ၇၅ မဂ္ဂါဝပ် စတဲ့ ဓာတ်အားပေး စက်ရုံတွေ ထပ်တိုးလာနိုင်ခဲ့ပါတယ်။
*   ၁၉၈၈ ခုနှစ် မတိုင်မီက လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံသာရှိခဲ့ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အပါအ၀င် လျှပ်စစ်ဓာတ်အားပေး စက်ရုံပေါင်း ၁၄ ခု အထိ တည်ဆောက်နိုင်ခဲ့လို့ အခုဆိုရင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၆ ရုံအထိ ရှိလာပြီဖြစ်ပါတယ်။ စက်တပ်ဆင်အားအနေဖြင့် ၁၉၈၈ ခုနှစ်မတိုင်မီက ၂၂၄ မဂ္ဂါဝပ်သာ ရှိခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း (ယနေ့ကလာအထိ) ၂၁၀၇ မဂ္ဂါဝပ်အထိ ရှိလာပြီဖြစ်ပါတယ်။
ချိတ်ဆက်
*   အခုအချိန်မှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၅ ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တစ်ရုံ စုစုပေါင်း ဓာတ်အားပေးစက်ရုံ ၁၆ ရုံမှ မဟာဓာတ်အားလိုင်း (National Grid)နဲ့ ချိတ်ဆက်ပြီး ဓာတ်အားပို့လွှတ်လျက်ရှိပါတယ်။
*   ၁၉၈၈ ခုနှစ် မတိုင်မီက ဓာတ်ငွေ့၊ ရေနွေးငွေ့နဲ့ ဒီဇယ်တို့ကို အသုံးပြုတဲ့ ဓာတ်အားပေးစက်ရုံတွေကိုသာ အဓိကအားကိုးအားထား ပြုခဲ့ရတာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် မတိုင်မီက ဓာတ်ငွေ့၊ ရေနွေးငွေ့ နဲ့ ဒီဇယ်သုံး ဓာတ်အားပေးစက်ရုံ ရှစ်ရုံနဲ့ ၃၀၅ ဒသမ ၁ မဂ္ဂါဝပ်သာ ရှိခဲ့ပါတယ်။
*   ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ရန်ကုန်တိုင်းအတွင်း လှော်ကား ၉၉ ဒသမ ၉ မဂ္ဂါဝပ်၊ လှော်ကား(ရေနွေးငွေ့) ၅၄ ဒသမ ၃ မဂ္ဂါဝပ်၊ နီဒို (ရေနွေးငွေ့) ၉ ဒသမ ၄ မဂ္ဂါဝပ်၊ အလုံ ၉၉ ဒသမ ၉ မဂ္ဂါဝပ်၊ အလုံ(ရေနွေးငွေ့) ၅၄ ဒသမ ၃ မဂ္ဂါဝပ်၊ သာကေတ ၅၇ မဂ္ဂါဝပ်နဲ့ သာကေတ (ရေနွေးငွေ့) ၃၅ မဂ္ဂါဝပ်တို့ကို ထပတိုးတည်ဆောက်နိုင်ခဲ့ပါတယ်။
*   စက်တပ်ဆင်အားအနေဖြင့် ၁၉၈၈ ခုနှစ် မတိုင်မီက ၃၀၅ ဒသမ ၁ မဂ္ဂါဝပ် ဖြစ်ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ၄၀၉ ဒသမ ၈ မဂ္ဂါဝပ် ဖြစ်ပါတယ်။ ရန်ကုန်မြို့ အနီးပတ်ဝန်းကျင် အတွင်းရှိ သဘာဝဓာတ်ငွေ့သုံး တာဘိုင် (Gas Turbine) တွေရဲ့ စက်တပ်ဆင်အားမှာ  ၄၇၀ ဒသမ ၇၀ မဂ္ဂါဝပ် ဖြစ်ပြီး အမျိုးသား ဓာတ်အားကွန်ရက် (National Grid)မှ မဟာဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး ဓာတ်အားပို့လွှတ်လျက်ရှိပါတယ်။
အံ့မခန်း
*   ၁၉၈၈ ခုနှစ်နောက်ပိုင်း တည်ဆောက်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေအပြင် နောက်ထပ် ထပ်တိုးဆောင်ရွက်ဆဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကလည်း အံ့မခန်းလောက်အောင် တွေ့ရမှာ ဖြစ်ပါတယ်။ ဆောင်ရွက်ဆဲ ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေဟာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေအပါအ၀င် စုစုပေါင်းစီမံကိန်း ၆၄ ခု တောင်မှ ရှိနေပါတယ်။
ဆောင်ရွက်ဆဲ
*   အဲဒီဆောင်ရွက်ဆဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကတော့ မန္တလေးတိုင်း အတွင်းမှာ အထက်ပေါင်းလောင်း ၁၄၀ မဂ္ဂါဝပ်၊ နန်ချို ၄၀ မဂ္ဂါဝပ်၊ ရဲရွာ ၇၉၀ မဂ္ဂါဝပ်၊ အထက် ဆည်တော်ကြီး ၆၄ မဂ္ဂါဝပ်၊ မကွေးတိုင်းမှာ အထက်ဗူး ၁၅၀ မဂ္ဂါဝပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ အထက်ရဲရွာ ၂၈၀ မဂ္ဂါဝပ်၊ တာဆန်း ၇၁၁၀ မဂ္ဂါဝပ်၊ ရွှေလီ(၃) ၁၀၅၀ မဂ္ဂါဝပ်၊ အထက် ဘီလူးချောင်း ၂၉ မဂ္ဂါဝပ်၊ အထက်သံလွင်(ကွမ်းလုံ) ၁၄၀၀ မဂ္ဂါဝပ်၊ နောင်ဖ ၁၀၀၀ မဂ္ဂါဝပ်၊ မာန်တောင်း ၂၀၀ မဂ္ဂါဝပ်၊ ရွှေလီ(၂) ၅၂၀ မဂ္ဂါဝပ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှာ နမ့်လွေ စီမံကိန်း ခြောက်ခုဖြစ်တဲ့ ကျိုင်းတုံ ၉၆ မဂ္ဂါဝပ်၊ ၀မ်တာပင်း ၂၅ မဂ္ဂါဝပ်၊ ဆိုလူး ၁၆၅ မဂ္ဂါဝပ်၊ မိုင်းဝ ၅၀ မဂ္ဂါဝပ်၊ ကျိုင်းရမ်း ၂၈ မဂ္ဂါဝပ်၊ ဟီကူး ၈၈ မဂ္ဂါဝပ်၊ နမ့်ခ ၂၀၀ မဂ္ဂါဝပ်၊ ပဲခူးတိုင်းမှာ ကွန်းချောင်း ၆၀ မဂ္ဂါဝပ်၊ ဖြူးချောင်း ၄၀ မဂ္ဂါဝပ်၊ သောက်ရေခပ်(၂) ၁၂၀ မဂ္ဂါဝပ်၊ ရွှေကျင် ၇၅ မဂ္ဂါဝပ်၊ ဘောဂတ ၁၆၈ မဂ္ဂါဝပ်၊ ကရင်ပြည်နယ်မှာ ဟတ်ကြီး ၁၃၆၀ မဂ္ဂါဝပ်၊ စစ်ကိုင်းတိုင်းမှာ ထမံသီ ၁၂၀၀ မဂ္ဂါဝပ်၊ မဏိပူ ၃၈၀ မဂ္ဂါဝပ်၊ ရွှေစာရေး ၆၆၀ မဂ္ဂါဝပ်၊ မော်လိုက် ၅၂၀ မဂ္ဂါဝပ်နဲ့ ကလေးဝ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ၆၀၀ မဂ္ဂါဝပ်၊ ရန်ကုန်တိုင်းမှာ ရန်ကုန်ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ၂၇၀ မဂ္ဂါဝပ်၊ ကချင်ပြည်နယ်မှာ တာပိန်(၁) ၂၄၀ မဂ္ဂါဝပ်၊ မြစ်ဆုံ ၆၀၀၀ မဂ္ဂါဝပ်၊ ယီနန် ၁၂၀၀ မဂ္ဂါဝပ်၊ ခေါင်လံဖူး ၂၇၀၀ မဂ္ဂါဝပ်၊ ဖီဇော ၂၀၀၀ မဂ္ဂါဝပ်၊ ၀ူဆောက် ၁၈၀၀ မဂ္ဂါဝပ်၊ ချီဖွေ ၂၈၀၀ မဂ္ဂါဝပ်၊ လိုက်ဇာ ၁၉၀၀ မဂ္ဂါဝပ်၊ ချီဖွေငယ် ၉၉ မဂ္ဂါဝပ်၊ ထာခ ၆ မဂ္ဂါဝပ်၊ တာပိန် (၂) ၁၆၈ မဂ္ဂါဝပ်နဲ့ နော်ချမ်းခ စီမံကိန်းငါးခုဖြစ်တဲ့ ကူလန့် ၁၀၀ မဂ္ဂါဝပ်၊ ၀ူကျုံးကျယ် ၆၀ မဂ္ဂါဝပ်၊ ခန်ကန်း ၁၄၀ မဂ္ဂါဝပ်၊ ထုံရှင်းချောင်း ၃၂၀ မဂ္ဂါဝပ်၊ လောင်းဒင် ၄၃၅ မဂ္ဂါဝပ်၊ ရခိုင်ပြည်နယ်မှာ သူဌေး ၁၁၁ မဂ္ဂါဝပ်၊ အမ်းချောင်း ၁၀ မဂ္ဂါဝပ်၊ စိုင်းဒင် ၇၆ ဒသမ ၅ မဂ္ဂါဝပ်နဲ့ လေးမြို့ ၅၀၀ မဂ္ဂါဝပ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှာ အထက်ကျိုင်းတောင်း ၅၁ မဂ္ဂါဝပ်၊ ကယားပြည်နယ်မှာ ဘီလူးချောင်း(၃) ၅၂ မဂ္ဂါဝပ်၊ ရွာသစ် ၆၀၀ မဂ္ဂါဝပ်၊ နမ့်ပွန် ၁၃၀ မဂ္ဂါဝပ်နဲ့ နမ့်တဘက် ၁၁၀ မဂ္ဂါဝပ်၊ တနင်္သာရီတိုင်းမှာ သကျက် ၂၀ မဂ္ဂါဝပ်၊ ကော့သောင်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၆ မဂ္ဂါဝပ်၊ အညာဖျား ၉ မဂ္ဂါဝပ်နဲ့ တနင်္သာရီ ၆၀၀ မဂ္ဂါဝပ်တို့ ဖြစ်ပါတယ်။
*   နိုင်ငံ့ဂုဏ်ဆောင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်တဲ့ ရဲရွာရေအားလျှပ်စစ်စီမံကိန်း ဟာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် မန္တလေးမြို့ရဲ့ အရှေ့တောင်ဘက် ၃၁ မိုင်အကွာ ရဲ-ယမန်း ကျေးရွာအနီးမှာ တည်ရှိပါတယ်။ တမံအမျိုးအစားဟာ ကွန်ကရစ်တမံ (Roller Compacted Concrete Dam) အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးတည်ဆောက်တဲ့ တမံအမျိုးအစား လည်း ဖြစ်ပါတယ်။
*   ရဲရွာရေအားလျှပ်စစ်စီမံကိန်းရဲ့ တမံအမြင့်ဟာ ၄၃၃ ပေဖြစ်ပြီး ပုပါးမီးတောင်က ချော်ကျောက်ကို ကြိတ်ထားတဲ့ သဘာဝပိုဇိုလန်နဲ့ ဘိလပ်မြေတို့ကို အချိုးကျရောစပ်ပြီး တည်ဆောက် ထားတာ ဖြစ်ပါတယ်။ ရေလှောင်ကန်ရဲ့ အမြင့်ဆုံးရေပြင် နိမ့်/မြင့် အမှတ်ဟာ ၆၆၆ ဒသမ ၈ ပေ၊ ကန်ရေပြည့်သိုလှောင်ပမာဏဟာ ဧကပေ ၂၁၁၄၂၀၀ ဖြစ်ပါတယ်။
ဓာတ်အားထုတ်လုပ်မှု
*   ရဲရွာရေအားလျှပ်စစ်စီမံကိန်းရဲ့ စက်တပ်ဆင်အားဟာ ၇၉၀ မဂ္ဂါဝပ် (၄x၁၉၇ ဒသမ ၅ မဂ္ဂါဝပ်)ဖြစ်ပြီး တစ်နေ့ ပျမ်းမျှ ထုတ်လုပ်နိုင်မယ့် ဓာတ်အားဟာ ကီလိုဝပ်နာရီသန်း ၃၅၅၀ ဖြစ်ပါတယ်။ စက်လေးလုံးရဲ့ စုစုပေါင်း တပ်ဆင်အားဟာ ၇၉၀ မဂ္ဂါဝပ် ဖြစ်ပေမယ့် သိုလှောင်ထားတဲ့ ကန်ရေအမြင့်ပေါ်မူတည်ပြီး ဓာတ်အားထုတ်လုပ်မှုမှာ အနည်းအများ ကွာခြားချက်ရှိမှာ ဖြစ်ပါတယ်။ ဇူလိုင် ၉ရက်နေ့အထိ ကန်ရေပြင် နိမ့်/မြင့်အမှတ်ဟာ ၅၆၇ ပေ ဖြစ်ပါတယ်။
*   ရဲရွာရေအားလျှပ်စစ်စီမံကိန်းရဲ့ စက်အမှတ်(၁)ကို ၁၈.၂.၂၀၁၀ရက်မှာ စမ်းသပ် မောင်းနှင် လည်ပတ်ခဲ့ပြီး ၂၄.၂.၂၀၁၀ ရက်မှ စတင်ကာ ဓာတ်အားထုတ်လုပ်ပို့လွှတ်လျက် ရှိပါတယ်။ စက်အမှတ်(၂)ကို ၈.၇.၂၀၁၀ ရက်မှာ စမ်းသပ်မောင်းနှင်လည်ပတ်ခဲ့ပြီး ၁၄.၇.၂၀၁၀ ရက်မှာ ဓာတ်အားထုတ်လုပ်ပို့လွှတ်လျက်ရှိပါတယ်။ အခုအချိန်မှာ စက်အမှတ်(၁)နှင့် စက်အမှတ်(၂)တို့မှ တစ်ရက်လျှင် စုစုပေါင်းဓာတ်အား ၃ ဒသမ ၃ သန်း ကီလိုဝပ်နာရီထုတ်လုပ်ပြီး ဓာတ်အားစနစ်အတွင်း ပို့လွှတ်လျက်ရှိပါတယ်။ စက်အမှတ်(၃)နဲ့ စက်အမှတ်(၄)တို့ကို တပ်ဆင် ဆောင်ရွက်ဆဲဖြစ်ပြီး စီမံကိန်းတစ်ခုလုံးရဲ့ ၉၆ ဒသမ ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ လာမယ့် အောက်တိုဘာလမှာ စီမံကိန်းတစ်ခုလုံး ရာခိုင်နှုန်းပြည့် ပြီးစီးမှာဖြစ်ကြောင်း သိရပါတယ်။
ဆက်လက်တည်ဆောက်
*   ဆောင်ရွက်ဆဲ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတွေ အားလုံးပြီးစီးသွားတဲ့အခါ စုစုပေါင်း တပ်ဆင်စက်အင်အား ၄၁၁၂၁ ဒသမ ၅၀ မဂ္ဂါဝပ် ရှိလာမှာဖြစ်ပါတယ်။ ဆက်လက်တည်ဆောက်သွားမယ့် ရေအားလျှပ်စစ် စီမံကိန်းတွေကတော့ မွန်ပြည်နယ်မှာ ဘီးလင်း ၂၈၀ မဂ္ဂါဝပ်နဲ့ ကရင်ပြည်နယ်မှာ ဒယိုင်ချောင်း ၂၅ မဂ္ဂါဝပ် တို့ပဲ ဖြစ်ပါတယ်။
*   ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖွင့်လှစ်ပေးနေသလို အခြားတစ်ဖက်ကလည်း တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ဖို့ မဟာဓာတ်အားလိုင်းတွေ၊ ပင်မဓာတ်အားခွဲရုံကြီးတွေ တည်ဆောက်ပေးလျက်ရှိ ပါတယ်။ မဟာဓာတ်အားလိုင်းနဲ့ ပင်မဓာတ်အားခွဲရုံတွေကို ရေအားလျှပ်စစ်စက်ရုံတွေ တည်ဆောက်ပြီးစီးမယ့် အချိန်နဲ့တစ်ပြေးညီ တည်ဆောက်ပြီးစီးဖို့ စီစဉ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ဓာတ်အားစနစ်ကို တိုးချဲ့တည်ဆောက်လျက်ရှိပါတယ်။
အကောင်အထည်ဖော်
*   ယခင်ရှိပြီးသား မဟာဓာတ်အားလိုင်းတွေအပြင် မဟာဓာတ်အားလိုင်း စီမံကိန်းဖြစ်တဲ့ ပန်လုံ-နမ့်ဆန် (၆၆)ကေဗွီဓာတ်အားလိုင်း ၁၈ မိုင် စီမံကိန်းနဲ့ ပင်မဓာတ်အားခွဲရုံ  စီမံကိန်းဖြစ်တဲ့ နမ့်ဆန်(၆၆/၁၁)ကေဗွီ၊ (၅)အမ်ဗွီအေ ဓာတ်အားရုံ စီမံကိန်းတို့ကို အကောင်အထည်ဖော် တည်ဆောက်ပြီး ဖြစ်ပါတယ်။
*   ဆောင်ရွက်ဆဲ စီမံကိန်းတွေကတော့ မဟာဓာတ်အားလိုင်းစီမံကိန်းနှစ်ခုဖြစ်တဲ့ ကျောက်ပုထိုး-ရွှေကူ-ဗန်းမော်(၆၆)ကေဗွီဓာတ်အားလိုင်းမှ နဘားဓာတ်အားခွဲရုံသို့ အ၀င်/အထွက် ဓာတ်အားလိုင်း ၃ မိုင်စီမံကိန်းနဲ့ လက်ရှိ ကျွန်းချောင်း-ပခုက္ကူ (၆၆)ကေဗွီဓာတ်အားလိုင်း ၉ ဒသမ ၅ မိုင် စီမံကိန်း၊ ပင်မဓာတ်အားခွဲရုံ စီမံကိန်းနှစ်ခုဖြစ်တဲ့ နဘား(၆၆/၃၃/၁၁)ကေဗွီ၊ (၁၀)အမ်ဗွီအေ ဓာတ်အားခွဲရုံနဲ့ ကမ္မ၀တီဓာတ်အားပေးစက်ရုံမှာ (၆၆/၁၁)ကေဗွီ၊ (၅)အမ်ဗွီအေဓာတ်အားခွဲရုံ တို့ဖြစ်ပါတယ်။
စီမံကိန်းအသစ်
*   ဆက်လက်ဆောင်ရွက်မယ့် စီမံကိန်းအသစ် (၁၁)ခုကတော့ မဟာဓာတ်အားလိုင်း စီမံကိန်းငါးခုဖြစ်တဲ့ လှိုင်သာယာ-အလုံ(၂၃၀)ကေဗွီ၊ Twin Bundle., Single Circuit မဟာဓာတ်အားလိုင်း ၁၅ မိုင် လှိုင်မြစ်ကျော်(အလုံ)(၂၃၀)ကေဗွီ Twin Bundle., Single Circuit  မဟာဓာတ်အားလိုင်း ၀ ဒသမ ၉ မိုင်၊ သထုံ-မော်လမြိုင် Twin Bundle., Single Circuit မဟာ ဓာတ်အားလိုင်း မိုင်(၆၀)၊ နဘား-မိုးညှင်း (၆၆)ကေဗွီ ဓာတ်အားလိုင်း (၅၅)မိုင်၊ ပင်မဓာတ်အားခွဲရုံ စီမံကိန်း ခြောက်ခုဖြစ်တဲ့ လှိုင်သာယာပင်မဓာတ်အားခွဲရုံမှာ Substation Bay Extension တစ်ခု တိုးချဲ့တည်ဆောက်ခြင်း၊ အလုံ (၂၃၀/၃၃) ကေဗွီ၊ (၂x၁၀၀)အမ်ဗွီအေ ပင်မဓာတ်အားခွဲရုံ၊ သထုံဓာတ်အားပေးစက်ရုံမှာ (၂၃၀)ကေဗွီ Switch Bay တစ်ခု တိုးချဲ့တည်ဆောက်ခြင်း၊ မော်လမြိုင်မှာ (၂၃၀/၆၆/၁၁)ကေဗွီ၊ (၂x၅၀)အမ်ဗွီအေ ပင်မဓာတ်အားခွဲရုံ ၊ မိုးညှင်း (၆၆/၁၁) ကေဗွီ၊ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံနဲ့ မိုးကောင်း (၆၆/၁၁)ကေဗွီ၊ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံတို့ ဖြစ်ပါတယ်။
*   တည်ဆောက်လျက်ရှိတဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်ပြီးစီးတဲ့အခါ ဖြစ်ပေါ် တိုးတက်လာမယ့် လျှပ်စစ်ဓာတ်အားပမာဏဟာ ပြည်တွင်းသုံးအတွက် လုံလောက်ရုံသာမကဘဲ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့ကို ရောင်းချနိုင်မှာ ဖြစ်လို့ နိုင်ငံခြား ၀င်ငွေပါ ရရှိလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Grater Mekomg Sub-Region ဓာတ်အား ကွန်ရက်နဲ့ ချိတ်ဆက်ပြီး အာဆီယံနိုင်ငံတွေနဲ့ ဆက်သွယ်ကာ ဓာတ်အားထုတ်လုပ်မှုတွေ ပြုလုပ်လာနိုင်မှာ ဖြစ်ပါတယ်။
ပြည်တွင်းသုံး လျှပ်စစ်ဓာတ်အား လိုအပ်ချက် လုံလောက်လာတာနဲ့အမျှ လျှပ်စစ်ဓာတ်အားကို အပြည့်အ၀သုံးစွဲပြီး စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်လို့ ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း မြင့်မားလာမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ နယ်ပယ်စုံမှာ ရင်ပေါင်တန်း ထိုးဖောက်ယှဉ်ပြိုင်နိုင်မှာဖြစ်လို့ မျိုးဆက်သစ်တွေအတွက် ရေရှည်အကျိုးစီးပွားခံစားကြရမှာ ဖြစ်ပါတယ်။
*   ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ နိုင်ငံတော်အစိုးရအနေနဲ့ ဒီဇယ်၊ ဓာတ်ငွေ့နဲ့ ရေနွေးငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေနဲ့ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေကို ဒီလောက်အထိ လက်ညှိုးထိုးမလွဲ တိုးချဲ့တည်ဆောက်ပေးနိုင် ခဲ့ပေမယ့်လည်း လောလောဆယ်မှာတော့ နိုင်ငံတစ်ဝန်း လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားပမာဏကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးပါဘူး။ ရန်ကုန်မြို့ အပါအ၀င် နယ်မြေဒေသအချို့မှာ လျှပ်စစ်ဓာတ်အားကို ၂၄ နာရီပတ်လုံး လိုသလောက်ဖြန့်ဖြူးပေးနိုင်ခြင်းမရှိသေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။
*   တကယ်တမ်းကျတော့ ၁၉၈၈ ခုနှစ် ဒီဘက်ပိုင်းမှာ ပြည်နယ်နှင့် တိုင်း အနှံ့အပြား စက်မှုဇုန်တွေ ထူထောင်ပေးခဲ့တာနဲ့အမျှ စက်ရုံ၊ အလုပ်ရုံတွေ တိုးတက်များပြားလာခဲ့ပါတယ်။ မြို့သစ်တွေ ပေါ်ပေါက်လာသလို အဆင့်မြင့်အိမ်ရာတွေ၊ အထပ်မြင့်အိမ်ရာတွေ တစ်ဟုန်ထိုး တည်ဆောက်လာခဲ့ကြပါတယ်။ အရင်က အိမ်တစ်အိမ်မှာ မီတာဘောက်တစ်ခုသာရှိခဲ့ရာက အဲဒီနေရာမှာ နှစ်ခန်းတွဲ လေးထပ်တိုက်တစ်လုံး ဆောက်လိုက်ခြင်းအားဖြင့် မီတာဘောက် ရှစ်ခု ရှိလာပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှုကလည်း(၈)ဆရှိလာမှာဖြစ်ပါတယ်။ အိမ်တစ်အိမ်ချင်းမှာတောင် အဲဒီလို အခြေအနေမျိုးရှိနေရင် လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် ဘယ်လောက် ဓာတ်အားသုံးစွဲမှု မြင့်တက်လာမယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။
*   မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ပုံမှန်တိုးတက်လျက်ရှိပြီး အခုဆိုရင် လူဦးရေ သန်း ၆၀ ခန့် ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီလိုလူဦးရေ တိုးတက်လာတဲ့အပြင် ခေတ်ကာလအလျောက် လျှပ်စစ်ဓာတ်အား သုံးစွဲမှုလည်း ပိုမိုမြင့်မားလာခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားနဲ့ မကင်းတဲ့ ရုပ်မြင်သံကြားပြစက်၊ ကွန်ပျူတာ၊ ပန်ကာ၊ မိတ္တူကူးစက်၊ လေအေးပေးစက်၊ ရေခဲသေတ္တာ၊ မီးပူ၊ လျှပ်စစ်မီးဖို၊ ထမင်းပေါင်းအိုး၊ အ၀တ်လျှော်စက် စတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ အသုံးပြုမှု အဆမတန် တိုးတက်များပြားလာခဲ့သလို စက်ရုံ၊ အလုပ်ရုံတွေရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏလည်း ယခင်တုန်းကနဲ့ မယှဉ်သာလောက်အောင် များလာတာအမှန်ပါပဲ။ ဒါကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပြန်ကြည့်ရင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုနဲ့ ဓာတ်အားလိုအပ်မှု အချိုးမညီဘဲ ဖြစ်လာခဲ့ပါတယ်။
*   မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာ ဒီလိုလျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေတာမဟုတ်ဘဲ အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ လာအိုတို့အပြင် ကမ္ဘောဒီးယားနိုင်ငံ မှာလည်း  ဓာတ်အားလိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါ့ကြောင့် အဲဒီနိုင်ငံတွေဟာ ပြည်တွင်းဓာတ်အား လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ တစ်ဖက်က လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ တိုးချဲ့တည်ဆောက်နေရသလို တစ်ဖက်ကလည်း ပြည်ပနိုင်ငံတွေဆီက လျှပ်စစ်ဓာတ်အား ၀ယ်ယူသုံးစွဲနေရပါတယ်။
*   တရုတ်နိုင်ငံမှာ ပြည်တွင်းသုံးစွဲမှု လုံလောက်ပေမယ့် ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့ကို လျှပ်စစ်ဓာတ်အား ရောင်းချ နေတာမို့ ဓာတ်အားထပ်မံ ရရှိနိုင်မယ့် အရင်းအမြစ်တွေကို ရှာဖွေ ဖော်ထုတ်နေဆဲဖြစ်ပါတယ်။ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တိုးချဲ့တည်ဆောက်နေပေမယ့်လည်း စက်မှုကဏ္ဍ တိုးတက် လာတာနဲ့အမျှ “သမင်မွေးရင်း ကျားစားရင်း”ဆိုသလို ဓာတ်အားလိုအပ်ချက် မြင့်မားနေဆဲ ဖြစ်တာကို တွေ့ရပါတယ်။
*   နိုင်ငံတော်အနေနဲ့ အရင်ရှိပြီးသား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုပမာဏနဲ့ မလုံလောက်တော့တဲ့အခါမှာ လျှပ်စစ်ဓာတ်အားထုတ်ယူရရှိနိုင်မယ့် အရင်းအမြစ်တွေကို ထပ်မံရှာဖွေဖို့ အစီအမံတွေ ချမှတ်လုပ်ဆောင်နေတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့အပြင် အရင်က လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခြင်းမရှိတဲ့ ဒေသတွေအတွက်လည်း ထည့်သွင်း စဉ်းစားပြီး ရေအားလျှပ်စစ်စီမံကိန်းတွေကို ငွေကုန်ကြေးကျ များစွာခံပြီး နေ့မအား၊ ညမနား  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
*   ဒါပေမယ့်လည်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းဟာ “ခု ရေတွင်းတူး၊ ခု ရေကြည်သောက်”လို့ ရတဲ့ လုပ်ငန်းမျိုးမဟုတ်ပါဘူး။ ရေအားအရင်းအမြစ် တည်ရှိရာ နေရာတွေကို ရှာဖွေစူးစမ်းတိုင်းတာခြင်းကနေ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အား ကွန်ရက်မှ တစ်ဆင့် ဖြန့်ဖြူးပေးနိုင်တဲ့အထိ နှစ်ပေါင်းများစွာ အချိန်ယူပြီး အဆင့်ဆင့်ဆောင်ရွက် ရတာဖြစ်ပါတယ်။ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို လူသူမနီးတဲ့ တောတောင်တွေထဲက ရေအရင်းအမြစ်ရှိရာ နေရာတွေမှာ တည်ဆောက်ရတာဖြစ်လို့ ဘယ်လောက် အပင်ပန်းခံ အဆင်းရဲခံပြီး တည်ဆောက်ရတယ်ဆိုတာ တွေးကြည့်ရုံနဲ့သိနိုင်ပါတယ်။ ဒါပေမယ့်လည်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံဟာ တည်ဆောက်ရတဲ့ ကာလကြာရှည်ပြီး ခက်ခဲပေမယ့် နှစ်ပေါင်းများစွာအထိ အကျိုးကျေးဇူးခံစားရတယ်ဆိုတာ နှစ်(၅၀)ပြည့် ရွှေရတုသဘင်ကာလကို လွန်မြောက်ခဲ့တဲ့ ကယားပြည်နယ်က ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးက သက်သေခံနေပါတယ်။
*   ရခိုင်ပြည်နယ်လို တောင်ကုန်းတောင်တန်းနဲ့ မြစ်ချောင်းပေါများတဲ့ ဒေသမှာ ရေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်ရတာ လွန်စွာမှ ခက်ခဲပါတယ်။ မိုးရွာသွန်းမှု များပြားတဲ့ ဒေသဖြစ်လို့ မိုးရာသီမှာ လုပ်ငန်းတွေ ရပ်စဲထားရပြီး မိုးကုန်မှ လုပ်ငန်းပြန်စရတာမျိုးပါ။ စက်ယန္တရားတွေကို လုပ်ငန်းခွင်ရောက်ဖို့ သယ်ယူပို့ဆောင်စရိတ် အမြောက်အမြား သုံးစွဲပြီး ခက်ခက်ခဲခဲ သယ်ယူရပါတယ်။ ၁၉၈၈ ခုနှစ် မတိုင်မီက အစိုးရအဆက်ဆက် အိပ်မက်သာ  မက်နိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ရထားလမ်းဖောက်ခြင်းနဲ့ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းတွေကို နိုင်ငံတော်အစိုးရက ကြိုးပမ်းအကောင်အထည်ဖော်နေတာဟာ ပြည်သူတွေအပေါ်ထားရှိတဲ့ စိတ်ရင်း စေတနာ အမှန်ကို ဖော်ပြနေတာပဲဖြစ်ပါတယ်။
*   အခုအခါမှာ ရန်ကုန်မြို့နေ ပြည်သူတွေ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေးအတွက် စွမ်းအင် ၀န်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက မုတ္တမကမ်းလွန် ရတနာသဘာဝ ဓာတ်ငွေ့မြေမှ ရတနာ-ရန်ကုန် ၂၄ လက်မ ပြည်တွင်းသုံးကမ်းလွန်ပိုက်လိုင်းကို မိုင်ပေါင်း (၁၇၉ ဒသမ ၆၄)မိုင်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇၀ အကုန်အကျခံ သွယ်တန်း တည်ဆောက်ပေးခဲ့ပါတယ်။
*   ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်က ရတနာသဘာဝဓာတ်ငွေ့မြေမှ ၂၄ လက်မ ပိုက်လိုင်း သစ်ကနေ ရန်ကုန်မြို့ရှိ ကမ်းလွန်သဘာဝဓာတ်ငွေ့ထိန်းချုပ်တိုင်းတာ ဖြန့်ဖြူးရေးစခန်း(ရွာမ) (Gas Distribution Station)သို့ သဘာဝဓာတ်ငွေ့တွေ စတင်ပေးပို့ခဲ့ပါတယ်။ အဲဒီရွာမစခန်းကနေ ဇွန်လ ၁၂ ရက်က စတင်ပြီး ပြည်တွင်းသုံးအတွက် သဘာဝဓာတ်ငွေ့တွေကို တိုးမြှင့်ဖြန့်ဖြူး ပေးလျက်ရှိရာ အခုဆိုရင် ရန်ကုန်မြို့ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အတိုင်းအတာတစ်ခုအထိ ပိုမိုဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
*   နိုင်ငံတော်အစိုးရက တည်ဆောက်ပေးပြီးဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ တည်ဆောက်ဆဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ ထပ်မံတည်ဆောက်မယ့် လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေဟာ အဖိုးမဖြတ်နိုင်တဲ့ အမျိုးသားအမွေအနှစ်တွေပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ စိတ်ရင်းစေတနာ မှန်ကန်မှုနဲ့ အမြော်အမြင် ကြီးများမှုတို့ဖြင့် ပေါ်ပေါက် တည်ရှိလာတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေဟာ အနာဂတ်မျိုးဆက်သစ်တွေ အကျိုးခံစား ကြရမှာဖြစ်လို့ ရေရှည်တည်တံ့ပြီး စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် နောင်အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက် သွားကြရမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။     ။
(သတင်းဆောင်းပါး – မောင်တွေးတက်)
*(၁၉.၇.၂၀၁၀)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် မောင်တွေးတက်၏ “နောင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက် သွားကြရမည့်  အမျိုးသားအမွေအနှစ် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ” ဆောင်းပါးဖြစ်ပါသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်လာသော လျှပ်စစ်စွမ်းအားကဏ္ဍ (၂၀၁၀ ခုနှစ် ဇူလိုင်လအထိ)

July 20, 2010
စဉ်
စက်ရုံများ
အရေ
အတွက်
စက်တပ်ဆင်အား
(မဂ္ဂါဝပ်)
တစ်နှစ်ထုတ်လုပ်နိုင်မည့်
ကီလိုဝပနာရီသန်းပေါင်း
လက်ရှိဓာတ်အားပေးစက်ရုံများ
၃၁
၂၄၅၃.၎
၁၅၀၃၇.၅
တည်ဆောက်ဆဲ စီမံကိန်းများမှ
ဖြစ်ပေါ်လာမည့်ဓာတ်အားပေး
စက်ရုံများ
၆၁
၄၁၁၁၃.၅
၂၀၈၇၅၃.၃၃
ဆက်လက်တည်ဆောက်မည့်စီမံကိန်း
များမှ ဖြစ်ပေါ်လာမည့် ဓာတ်အားပေး
စက်ရုံများ
၃၀၅.၀၀
၁၅၉၉
စုစုပေါင်း
၉၄
၄၃၈၇၁.၉၀

၂၂၅၃၈၉.၈၃

*(၁၉.၇.၂၀၁၀)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် မောင်တွေးတက်၏ “နောင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည့် အမျိုးသားအမွေအနှစ် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ” ဆောင်းပါးမှ ဖြစ်ပါသည်။


စီမံကိန်းကာလအလိုက် တိုးတက်ရရှိလာမည့် စက်တပ်ဆင်အား

July 20, 2010
စဉ်
စီမံကိန်းကာလ/နှစ်
စီမံကိန်းကာလတွင်ရရှိလာမည့်
လျှပ်စစ်စက်တပ်ဆင်အားမဂါဝပ်
ပထမ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၀၅-၂၀၀၆)ခုနှစ်
၃၁၈၆
ဒုတိယ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၁၀-၂၀၁၁)ခုနှစ်
၈၆၂၀
တတိယ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၁၅-၂၀၁၆)ခုနှစ်
၁၁၁၅၄
စတုတ္ထ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၂၀-၂၀၂၁)ခုနှစ်
၁၂၀၇၆
ပဉ္စမ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၂၅-၂၀၂၆)ခုနှစ်
၁၇၂၀၂
ဆဌမ(၅)နှစ်စီမံကိန်းပြီးစီးသည့်နှစ် (၂၀၃၀-၂၀၃၁)ခုနှစ်
၂၃၃၂၄
*(၁၉.၇.၂၀၁၀)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် မောင်တွေးတက်၏ “နောင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည့် အမျိုးသားအမွေအနှစ် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ” ဆောင်းပါးမှ ဖြစ်ပါသည်။

အနီးစပ်ဆုံးနှင့် အမြန်ဆုံးပြီးစီးသွားနိုင်မည့် စီမံကိန်းများ

July 20, 2010
စဉ်
စီမံကိန်းအမည်
စက်တပ်ဆင်အား
(မဂ္ဂါဝပ်)
ပြီးစီးမည့်ခုနှစ်
ရဲရွာစီမံကိန်း
၇၉၀
၂၀၁၀
ရွှေကျင်စီမံကိန်း
၇၅
၂၀၁၀
ချီဖွေငယ်စီမံကိန်း
၉၉
၂၀၁၁
ကွန်းချောင်းစီမံကိန်း
၆၀
၂၀၁၁
ဖြူးချောင်းစီမံကိန်း
၄၀
၂၀၁၁
နန်ချိုစီမံကိန်း
၄၀
၂၀၁၁
တာပိန်(၁)စီမံကိန်း
၂၄၀
၂၀၁၁
အထက်ပေါင်းလောင်းစီမံကိန်း
၁၄၀
၂၀၁၂
သောက်ရေခပ်(၂)စီမံကိန်း
၁၂၀
၂၀၁၂
၁၀
ဘီလူးချောင်း(၃)စီမံကိန်း
၅၂
၂၀၁၂
စုစုပေါင်း
၁၆၅၆

*(၁၉.၇.၂၀၁၀)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် မောင်တွေးတက်၏ “နောင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည့် အမျိုးသားအမွေအနှစ် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ” ဆောင်းပါးမှ ဖြစ်ပါသည်။


ဆက်လက်တည်ဆောက်လျက်ရှိသည့် စီမံကိန်းများ

July 20, 2010
စဉ်
စီမံကိန်းအမည်
တည်နေရာ
ပြည်နယ်/တိုင်း
တပ်ဆင်စက်အင်အား
(မဂ္ဂါဝပ်)
မြစ်ဆုံ
ကချင်
၆၀၀၀
ယီနန်
ကချင်
၁၂၀၀
ခေါင်လံဖူး
ကချင်
၂၇၀၀
ဖီဇော
ကချင်
၂၀၀၀
ဝူဆောက်
ကချင်
၁၈၀၀
ချီဖွေ
ကချင်
၂၈၀၀
ချီဖွေငယ်
ကချင်
၉၉
လိုက်ဇာ
ကချင်
၁၉၀၀
တာပိန်(၁)
ကချင်
၂၄၀
၁၀
တာပိန်(၂)
ကချင်
၁၆၈
၁၁
တာခ
ကချင်
၁၂
နော်ချမ်းခ(စီမံကိန်း-၅ခု)
ကချင်
၁၀၅၅
၁၃
ဘီလူးချောင်း(၃)
ကယား
၅၂
၁၄
ရွာသစ်
ကယား
၆၀၀
၁၅
နမ့်ပွန်(စီမံကိန်း-၅ခု)
ကယား
၁၃၀
၁၆
နမ့်တဘတ်
ကယား
၁၁၀
၁၇
ဟတ်ကြီး
ကရင်
၁၃၆၀
၁၈
စိုင်းဒင်
ရခိုင်
၇၆.၅
၁၉
လေးမြို့
ရခိုင်
၅၀၀
၂၀
အမ်းချောင်း
ရခိုင်
၁၀
၂၁
သူဌေး
ရခိုင်
၁၁၁
၂၂
တာဆန်း
ရှမ်း
၇၁၁၀
၂၃
ရွှေလီ(၂)
ရှမ်း
၅၂၀
၂၄
ရွှေလီ(၃)
ရှမ်း
၁၀၅၀
၂၅
အထက်သံလွင်
ရှမ်း
၁၄၀၀
၂၆
အထက်ရဲရွာ
ရှမ်း
၂၈၀
၂၇
အထက်ဘီလူးချောင်း
ရှမ်း
၂၉
၂၈
အထက်ကျိုင်းတောင်း
ရှမ်း
၅၁
၂၉
နောင်ဖ/မန်တောင်း(စီမံကိန်း-၂ခု)
ရှမ်း
၁၂၀၀
၃၀
နမ့်လွေ(စီမံကိန်း-၅ခု)
ရှမ်း
၄၅၂
၃၁
နမ့်ခ
ရှမ်း
၂၀၀
၃၂
ရွှေစာရေး
စစ်ကိုင်း
၆၆၀
၃၃
မော်လိုက်
စစ်ကိုင်း
၅၂၀
၃၄
ထမံသီ
စစ်ကိုင်း
၁၂၀၀
၃၅
မဏိပူ
စစ်ကိုင်း
၃၈၀
၃၆
တနသာၤရီ
တနသာၤရီ
၆၀၀
၃၇
သကျက်
တနသာၤရီ
၂၀
၃၈
အညာဖ်ား
တနသာၤရီ
၃၉
ဘောဂတ
ပဲခူး
၁၆၈
၄၀
ကွန်းချောင်း
ပဲခူး
၆၀
၄၁
ဖြူးချောင်း
ပဲခူး
၄၀
၄၂
သောက်ရေခပ်(၂)
ပဲခူး
၁၂၀
၄၃
ရွှေကျင်
ပဲခူး
၇၅
၄၄
အထက်ပေါင်းလောင်း
မန္တလေး
၁၄၀
၄၅
နန်ချို
မန္တလေး
၄၀
၄၆
ရဲရွာ
မန္တလေး
၇၉၀
၄၇
အထက်ဆည်တော်ကြီး
မန္တလေး
၆၄
၄၈
အထက်ဗူး
မကွေး
၁၅၀

*(၁၉.၇.၂၀၁၀)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် မောင်တွေးတက်၏ “နောင် အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမည့် အမျိုးသားအမွေအနှစ် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ” ဆောင်းပါးမှဖြစ်ပါသည်။


အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနား ကျင်းပ

July 20, 2010

(နေပြည်တော် ဇူလိုင် ၁၉၊ ၂၀၁၀ခုနှစ်)

  • အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၅ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနရုံး မျက်နှာစာ ရုံးပတ်ဝန်းကျင်နှင့် ဆည်များ၌ကျင်းပရာ အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီးဦးဇော်မင်း၊ ဒုတိယ၀န်ကြီး ဦးမျိုးမြင့်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၀န်ထမ်းများ တက်ရောက်ကြသည်။
  • ရှေးဦးစွာ ၀န်ကြီး ဦးဇော်မင်း၊ ဒုတိယ၀န်ကြီး ဦးမျိုးမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများက သတ်မှတ်နေရာတို့၌ အထိမ်းအမှတ် ကံ့ကော်ပင်များကို စိုက်ပျိုးပေးကြသည်။
  • ထို့နောက်ဝန်ကြီး၊ ဒုတိယ၀န်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် ၀န်ထမ်းများ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
  • ယနေ့ ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ သရက်၊ ပိန္နဲ၊ ပိတောက်၊ ရေတမာ၊ မဟော်ဂနီ၊ အုန်း အစရှိသည့် အရိပ်ရပင်၊ နှစ်ရှည်ပင်နှင့် စားပင်၊ သီးပင်ပေါင်း ၃၁၅၀ ကို စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
  • ဆက်လက်၍ ၀န်ကြီး၊ ဒုတိယ၀န်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ၀န်ထမ်းများသည် ပိတောက်မြောင်တမံ(၃) အနီး၌ ကျင်းပသော အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၁၀ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ပိတောက်မြောင်တမံ(၃)အတွင်းသို့ ငါးမြစ်ချင်း သားပေါက် ၂၀၀၀၀၊ ငါးခုံးမသားပေါက် ၂၀၀၀၀နှင့် ငါးကြင်းရွှေဝါသားပေါက် ၁၆၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၅၆၀၀၀ ကိုမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။