PM inspects Yeywa Hydropower Project

July 12, 2010
(NAY PYI TAW, 11 July,2010)
  • Prime Minister U Thein Sein, accompanied by Chairman of Mandalay Division Peace and Development Council Commander of Central Command Maj- Gen Tin Ngwe, ministers and heads of department visited Yeywa Hydropower Project in PyinOoLwin Township, Mandalay Division, yesterday morning.
  • The project is being undertaken by the Hydropower Department under the Ministry of Electric Power N0(1).
  • From the view deck, the Prime Minister inspected the inflow of water into the dam, diversion weir, outfall channel, spillway, power house and switchyard.
  • He viewed the process of installing electric turbines Nos (3) and (4).
  • The Prime Minister inspected the control room of the power house. Managing Director U Khin Maung Win of the department reported on facts about the generation process and system.
  • At the briefing hall, the Prime Minister observed the scale model of the project. Minister for Electric Power No.1 U Zaw Min reported on work progress, ongoing programmes, finishing touches, inflow of water into the dam, installation of parts of Nos (3) and (4) generators, and generation of hydropower by Nos (1) and (2) generators.
  • The Prime Minis-ter instructed officials to take preparedness against natural disasters, and preventive measures against possible dangers due to human activities. He called for bringing about experts of new generations, and worksite safety.
  • The Prime Minister gave fruit baskets to foreign and national experts.
  • Yeywa Hydropower Project was launched in 2001-2002 fiscal year. Now, it has been completed by 96.45 per cent.
Advertisements

နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန် ရဲရွာရေအားလျှပ်စစ်စီမံကိန်း လှည့်လည်ကြည့်ရှုစစ်ဆေး

July 12, 2010

(နေပြည်တော် ဇူလိုင် ၁၁၊ ၂၀၁၀ခုနှစ်)

  • နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်သည် မန္တလေးတိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်တင်ငွေ၊ အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် ဇူလိုင် ၁၀ရက် နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် မန္တလေးမြို့မှ ထွက်ခွာလာပြီး နံနက် ၉နာရီ ၄၅မိနစ်တွင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရဲရွာရေအား လျှပ်စစ်စီမံကိန်းသို့ ရောက်ရှိသည်။
  • ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် ရဲရွာရေအားလျှပ်စစ်စီမံကိန်း ပင်မတမံရှုရပ်မှ ရေလှောင်ကန်အတွင်း ရေ၀င်ရောက်မှု အခြေအနေ၊ ရေလွှဲတမံ၊ စက်ရုံရေထုတ်မြောင်း၊ ရေပိုလွှဲ၊ ဓာတ်အားပေးစက်ရုံနှင့် Switchyardတို့ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် နိုင်ငံတော် ၀န်ကြီးချုပ်သည် ဓာတ်အားပေးစက်ရုံ (Power House)အတွင်း စက်အမှတ်(၃)နှင့် စက်အမှတ်(၄)တို့၏ ရေအားလျှပ်စစ်တာဘိုင်စက်အစိတ်အပိုင်းများ တပ်ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
  • ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဓာတ်အားပေးစက်ရုံ၏ ထိန်းချုပ်ခန်း (Control Room)အတွင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ဓာတ်အားထုတ်လုပ်မှု အခြေအနေနှင့် ဓာတ်အားထုတ်လုပ်မှုစနစ်တို့ကို ရှင်းလင်းတင်ပြသည်။
  • ထို့နောက် စက်ရုံရှင်းလင်းဆောင်၌ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးဇော်မင်းက စီမံကိန်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာတွင် ပြီးစီးပြီးလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများ အချောသပ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ ရေလှောင်ကန်အတွင်း ရေ၀င်ရောက်မှုအခြေအနေ၊ အမှတ်(၃)နှင့် အမှတ်(၄)ဂျင်နရေတာ၏ အစိတ်အပိုင်းများ တပ်ဆင်မှုအခြေအနေ၊ ယခုအခါ စက်အမှတ်(၁)နှင့် စက်အမှတ်(၂)တို့မှ ဓာတ်အားများ ထုတ်လုပ်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
  • ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က လုပ်ငန်းပမာဏကြီးမား၍ ငွေကြေးမြောက်မြားစွာ ကုန်ကျခံပြီး အချိန်ကာလကြာ တည်ဆောက်ထားသည့် လုပ်ငန်းဖြစ်သဖြင့် သဘာဝဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်တို့မှ ကြိုတင်ကာကွယ်ရေး အစီအမံများကို စနစ်တကျဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာလုပ်ငန်းများအလိုက် အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်မည့် မျိုးဆက်သစ်ပညာရှင်များအား မွေးထုတ်သွားရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး ဂရုပြုဆောင်ရွက်သွားရန် မှာကြားသည်။

Electric Power No. 1 Minister visits Yeywa Hydropower Project

June 27, 2010

(NAY PYI TAW, 27 June)


* Minister for Electric Power No. 1 U Zaw Min accompanied by personnel concerned yesterday visited Yeywa Hydropower Project near Yeyaman Village about 31 miles from the south-east of Mandalay.

* The project is being implemented by Construction Group No. 2. The minister heard reports on progress of the work and gave necessary instructions.


ဝန်ကြီး ဦးဇော်မင်း ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း၌ ကြည့်ရှု စစ်ဆေး

June 27, 2010

(နေပြည်တော် ဇွန် ၂၇၊ ၂၀၁၀ခုနှစ် )

  • အမှတ် (၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးဦးဇော်မင်းသည် တာဝန်ရှိသူများလိုက်ပါ လျက် ဇွန် ၂၆ရက် နံနက်ပိုင်းတွင် မန္တလေးမြို့၏အရှေ့တောင်ဘက် ၃၁မိုင်ခန့်အကွာ ရဲယမန်းရွာအနီး အမှတ်(၂) တည်ဆောက်ရေးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိပြီး တမံအတွင်း ရေ၀င်ရောက်နေမှုနှင့် ရေသိုလှောင် ထားရှိမှု၊ ဖိအားမြှင့် သံမဏိပိုက်လိုင်းများ တပ်ဆင်ပြီးစီးမှုနှင့် ကွန်ကရစ်သွန်းလောင်းပြီးစီးမှု၊ ဓတ်အားပေး စက်ရုံတည်ဆောက်ပြီးစီးမှု Decoration Work များ ဆောင်ရွက်ပြီးစီးမှုနှင့် Tailrace Channel & Switchyard Slope Protection လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ပင်မတမံပေါ်မှ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြပြီး ၀န်ကြီးက လိုအပ်သည်များ မှာကြားခဲ့သည်။
  • ဆက်လက်၍ ဓာတ်အားပေးစက်ရုံ အတွင်း၌ အမှတ်(၁)စက်မှ ဓာတ်အားထုတ်လွှတ် မောင်းနှင်နေမှု အခြေအနေနှင့် အမှတ်(၂)စက် ဓာတ်အားထုတ်လွှတ် မောင်းနှင်နိုင်ရန်အတွက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ အမှတ်(၃)စက်အတွက် Rotor လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် အမှတ်(၄) စက်အတွက် Stator လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
  • ထို့နောက် ၀န်ကြီးသည် အမှတ်(၁)စက် Turbine လည်ပတ်မောင်းနှင်နေမှုနှင့် အမှတ်(၂)စက် Control Room တပ်ဆင်ပြီးစီးမှု အခြေအနေ တို့ကိုလည်းကောင်း၊ Control Room ၌ Computer System ဖြင့် ဓာတ်အားပို့လွှတ်မှု အခြေအနေနှင့် ဓာတ်အားပေးစက်ရုံ Decoration Workများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
  • ဆက်လက်၍ စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်းက စီမံကိန်း၏ ပင်မတမံလုပ်ငန်း၊ ရေယူအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေလွှဲဥမင်လိုဏ် အ၀င်ပိုင်းနှင့်အထွက်ပိုင်းလုပ်ငန်းများ၊ ရေပိုလွှဲ တည်ဆောက်ပြီးစီးမှုနှင့် ဖိအားမြှင့် သံမဏိပိုက်လိုင်းများ တပ်ဆင်ပြီးစီးမှု၊ ကွန်ကရစ်သွန်းလောင်းပြီးစီးမှုနှင့် ဓာတ်အားပေးစက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ စက်ရုံရေထုတ်မြောင်း ဖောက်လုပ်ခြင်းလုပ်ငန်းနှင့ှ်Switchyard တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြသည်။
  • ယင်းနောက် ခေတ္တဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးတို့က အမှတ်(၁)စက်မှ ဓာတ်အား စတင်ထုတ်လွှတ်ချိန်မှ ယနေ့အထိ ဓာတ်အားထုတ်လွှတ်ပေးနိုင်သည့် အခြေအနေများနှင့် အမှတ်(၂)စက်မှ မကြာမီ ဓာတ်အားထုတ်လွှတ်ပေးနိုင်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ၀န်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး စက်အစိတ်အပိုင်းများ စနစ်တကျနှင့် အချိန်မီပြီးစီးအောင် တပ်ဆင်ရေးတို့ကို တာဝန်ရှိသူများအား အသေးစိတ် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

ရဲရွာရေအားလျှပ်စစ်စီမံကိန်း ၀န်ကြီး ဦးဇော်မင်း ကြည့်ရှုစစ်ဆေး

May 10, 2010

(နေပြည်တော် မေ ၁၀၊ ၂၀၁၀ခုနှစ်)

  • အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးဦးဇော်မင်းသည် မေ ၉ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ အရှေ့တောင်ဘက် ၃၁ မိုင်ခန့်အကွာ ရဲ-ယမန်းရွာအနီးရှိ ရဲရွာရေအားလျှပ်စစ် စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း တမံယာဘက်ကမ်း ရှုရပ်မှနေ၍ Spillway လုပ်ငန်းဆောင်ရွက်ပြီးစီးမှု Switchyard Protection Wall လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လည်းကောင်း၊ ပင်မတမံပေါ်သို့ ရောက်ရှိပြီး တမံအတွင်း ရေ၀င်ရောက်နေမှုနှင့် ရေသိုလှောင်ထားရှိမှု အခြေအနေတို့ကို လည်းကောင်း Tailrace Channel & Training Wall လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို လည်းကောင်း၊ မြစ်အထက်ပိုင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
  • ထို့နောက် တမံဝဲဘက်ကမ်းမှနေ၍ စီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ ပင်မတမံ တည်ဆောက် ပြီးစီးမှု၊ ဖိအားမြှင့်သံမဏိပိုက်လိုင်း တပ်ဆင်ပြီးစီးမှုနှင့် ဓာတ်အားပေးစက်ရုံ Decoration လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
  • ယင်းနောက် ဓာတ်အားပေးစက်ရုံအတွင်း Unit No. (1), Machine Bay လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် Unit No.(2), Unit No. (3), Unit No. (4) တို့အား စက်မှု လျှပ်စစ် တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
  • ဆက်လက်၍ အမှတ်(၁)စက်မှ ဓာတ်အား ပို့လွှတ်နေမှုကိုလည်းကောင်း၊ ဓာတ်အားပေး စက်ရုံအတွင်း Decoration Workများ ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း၊Tailrace Channel မှ ရေထုတ်လွှတ်မှု အခြေအနေတို့ကိုလည်းကောင်း ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းမှ

March 6, 2010

  • တာဘိုင် အမှတ်(၁) လျှပ်စစ် ဓာတ်အား စမ်းသပ် ထုတ်လုပ်ပြီ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးသည် ကုန်ထုတ်လုပ်မှု မောင်းနှင်အား အပေါ် မူတည်လျက် ရှိသည်။ မောင်းနှင်အား လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ဖြန့်ဝေပေးနိုင်သည်နှင့်အမျှ စက်ရုံ၊အလုပ်ရုံများကစက်စွမ်းအားအပြည့်အဝ လည် ပတ်နိုင်ပြီး ကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်းတွင် လျှပ်စစ်ဓာတ်အား နှင့် ဓာတ်ငွေ့အလုံအလောက်ရရှိအောင် ဆက်သွယ်ကြိုးပမ်း နေကြခြင်း ဖြစ်သည်။
  • မြန်မာနိုင်ငံတွင်လည်း မြစ်ချောင်းရေ သယံဇာတ ပေါများသည့် အလျှောက် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရေး အတွက် ရေလှောင်တမံ ဘက်စုံ စီမံကိန်းကြီးများ တည်ဆောက်ကာ နှစ်ရှည်စီမံကိန်းဖြင့် ဆောင်ရွက် အကောင်အထည် ဖော်လျက်ရှိရာ ရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် အသုံးပြုလျက် ရှိနေသည်။ အထူး စီမံကိန်းကြီးများ ချမှတ်ပြီးလည်း အကောင်အထည်ဖော် တည်ဆောက်လျက် ရှိသည်။
  • ယင်းတို့အထဲတွင် မန္တလေးမြို့၏ အရှေ့တောင်ဘက် (၃၁)မိုင်ကွာ ရဲရွာရေအား လျှပ်စစ်စီမံကိန်းကြီးလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် မြစ်ငယ်မြစ်(ဒုဋ္ဌဝတီမြစ်)အပေါ်တွင် တည်ဆောက်အကောင် အထည်ဖော်နေခြင်းဖြစ်သည်။ အရှေ့တောင်အာရှတွင် အကြီးဆုံးရေလှောင်တမံ ရေအားလျှပ်စစ်စီမံကိန်းတစ်ရပ်ဖြစ်သည်။ ဤမျှကြီးမားသည်ကို ရဲရွာရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်အတွင်း ရောက်ရှိ မြင်တွေ့ရမှသာ ကောင်းစွာ သိရှိနိုင်မည်ဖြစ်သည်။
  • မန္တလေးမှသွားလျှင် ပြင်ဦးလွင်လမ်း ကျောက်ချော အရောက်တွင် လမ်းညာဘက်၌ စီမံကိန်းဆိုင်းဘုတ်တွေ့ရမည် ဖြစ်သည်။ ကျောက်ချောရွာအတိုင်း မောင်းနှင်လာလျှင် ရွာမှလွန်သော် အုတ်ခင်းလမ်း တွေ့ရမည်ဖြစ်သည်။ ထိုလမ်းအတိုင်းလိုက်လာပါက ကျွဲနဖိုး တောင်များ ရှုခင်းအလှနှင့် ယှဉ်လျက် ကျောက်တောင်များကြားမှ လမ်းက ဖြူးဖြောင့်လျက်ရှိသည်။ ရဲရွာရေအား လျှပ်စစ်စီမံကိန်းစတင်မှ လမ်းတိုးတက် ကောင်းမွန်လာသည်။ လမ်းတစ်လျှောက် ဆီးခြံများလည်း တွေ့ရသလို ပဲမျိုးစုံယာခင်းများလည်း တွေ့ရသည်။
  • ရဲရွာရေအားလျှပ်စစ်စီမံကိန်း မုခ်ဦးရောက်သောအခါ တောတောင်ရှုခင်းတွေက ဒုဋ္ဌဝတီ မြစ်ညာ၏အလှကို ဖော်ပြလျက်ရှိသည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြီး တစ်ခုလုံး အပေါ် လှည့်လည်လေ့လာ ကြည့်ရှုနိုင်ရန် ကျောက်တောင် ကျောက်သားလမ်းဖောက်လုပ် ထားပြီး လှပစွာကြည့်ရှုခံစားနိုင်သည်။ တမံကြီးမှ အထက်ကြည့်လိုက်သော် ဒုဋ္ဌဝတီမြစ် ရေပြင်ကြီးသည် တောင်ထွတ်တောင်စွယ် တောင်များ အကြား၌ ပန်းချီရေးထိုးထားသလို လှပနေသည်။ တောတောင်၏ အစိမ်းရောင်၊ ရေ၏အစိမ်းရောင်တို့ဖြင့် ဆောင်းနှောင်းနွေ ရာသီသရုပ် ပေါ်လွင်လှသည်။ တောင်ကမ်းပါးယံ၌ ရဲရွာရေအားလျှစ်စစ် စီမံကိန်းဟူသော ဆိုင်းဘုတ်ကိုလည်း လှမ်းမြင်ရသည်။ တောင်ကိုကွေ့ပတ်ဆင်းရင်း ပင်မတမံကြီး မည်မျှ မြင့်မားကြောင်း အံ့မခန်း တွေ့ရသည်။
  • လျှစ်စစ်ဓာတ်အားများထုတ်လုပ်ပေးသည့် ကြီးမားသော တာဘိုင်ကြီးများကိုလည်း တပ်ဆင် နေကြသည်။ ပင်မတမံတည်ဆောက်ခြင်း လုပ်ငန်း၊ ရေပိုလွှဲတည်ဆောက်ခြင်း လုပ်ငန်း၊ ရေယူအဆောက်အအုံလုပ်ငန်း၊ှတငအခ့ပမေိ လုပ်ငန်းနှင့် ဓာတ်အားပေး စက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီးနေပြီဖြစ်သည်။ ဖေဖော်ဝါရီလထဲတွင် တာဘိုင်အမှတ် (၁)မှ လျှပ်စစ်ဓာတ်အား စမ်းသပ်ထုတ်လုပ်နေပြီ ဖြစ်ရာ ဖေဖော် ဝါရီ (၂၁) ရက်နေ့က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသော လုပ်ငန်းများကို လျာထားသတ်မှတ်ချိန် ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်း တာဘိုင် (၄)လုံးအနက် တစ်လုံးမှ လျှပ်စစ်ဓာတ်အား စမ်းသပ်လည်ပတ်လျက်ရှိသည်။ လည်ပတ်၍ ထွက်ရှိသော ရေကို စက်ရုံရေထုတ်မြောင်းမှ တစ်ဆင့် ဒုဋ္ဌဝတီ မြစ်အတွင်းသို့ ထုတ်လွှတ်ပေးလျက်ရှိသည်။ ရဲရွာရေအားလျှပ်စစ် စီမံကိန်းသည် ရေယူအဆောက်အအုံလေးခု၊ ရေပိုလွှဲနှင့် တစ်လုံးလျှင် စက်တပ်ဆင် အင်အား (၁၉၇ ဒသမ ၅)မဂ္ဂါဝပ်ရှိသော တာဘိုင်နှင့် ဂျင်နရေတာ လေး လုံး တပ်ဆင်ထားသဖြင့် လျှပ်စစ်ဓာတ်အားစုစုပေါင်း မဂ္ဂါဝပ် (၇၉ဝ)ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။ ယခုအခါ တာဘိုင်အမှတ်(၁)မှ လျှပ်စစ်ဓာတ်အား စမ်းသပ်ထုတ်လုပ်နေပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို ဓာတ်အားဖြန့်ကွန်ရက်စနစ်သို့ ဖြည့်ဆည်း ဖြန့်ဖြူးပေးသွားမည် ဟုသိရသည်။

မောင်မျက်လုံး (မန်း)

http://www.snapshot-news.com/index.php?option=com_content&view=article&id=4016:2010-03-06-15-11-57&catid=270:vol2-no75&Itemid=120


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ရဲရွာရေအားလျှပ်စစ်စီမံကိန်း ကြည့်ရှုစစ်ဆေး တာဘိုင်အမှတ်(၁)မှ ဓာတ်အားစမ်းသပ်ထုတ်လုပ် ကျန်ရှိသောလုပ်ငန်းများ သတ်မှတ်ချိန်ပြီးစီးရေး မှာကြား

February 22, 2010

(နေပြည်တော် ဖေဖော်ဝါရီ ၂၂၊ ၂၀၁၀ခုနှစ်)

  • နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးသာအေး၊ အစိုးရအဖွဲ့အဖွဲ့ဝင်ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ ဒုတိယ၀န်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲ၂နာရီတွင် နေပြည်တော်မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ကြရာ မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁မိုင်အကွာ မြစ်ငယ်မြစ်ပေါ်၌ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေး ဦးစီးဌာန အမှတ်(၂)တည်ဆောက်ရေးက တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ရဲရွာရေအားလျှပ်စစ် စီမံကိန်းသို့ ရောက်ရှိသည်။
  • နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား မန္တလေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ၊ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးမြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုကြသည်။
  • ရှေးဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်အား စီမံကိန်းရှင်းလင်းဆောင်၌ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက ပင်မတမံ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေလွှဲဥမင်လိုဏ်(၁)နှင့်(၂) တည်ဆောက်ခြင်း လုပ်ငန်း၊ ရေပိုလွှဲ တည်ဆောက်ခြင်းလုပ်ငန်း၊ ရေယူအဆောက်အအုံ လုပ်ငန်း၊ Switchyard လုပ်ငန်းနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီးပြီဖြစ်ပါကြောင်း၊ ယခုအခါ တာဘိုင်အမှတ်(၁)မှ လျှပ်စစ်ဓာတ်အား စမ်းသပ်ထုတ်လုပ်လျက်ရှိပါကြောင်း၊ ကျန်တာဘိုင် သုံးလုံးကိုလည်း ဆက်လက် တပ်ဆင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ရှင်းလင်း တင်ပြသည်။
  • ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရဲရွာရေအား လျှပ်စစ်စီမံကိန်းပုံစံငယ်ကို ကြည့်ရှုကြပြီး စီမံကိန်းရှင်းလင်းဆောင်ရှုရပ်မှနေ၍ ပင်မကွန်ကရစ်တမံနှင့် စီမံကိန်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးကြသည်။
  • ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိကြပြီး တာဘိုင်အမှတ်(၁)မှ လျှပ်စစ်ဓာတ်အား စမ်းသပ်ထုတ်လွှတ်နေမှု၊ ကျန်ရှိနေသော ဂျင်နရေတာများ၏ စက်အစိတ်အပိုင်းများတပ်ဆင်ရန် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးကြသည်။
  • ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် တာဘိုင်အမှတ်(၁) လျှပ်စစ်ဓာတ်အားပေးစက်မှ လည်ပတ်၍ ထွက်ရှိလာသောရေကို စက်ရုံရေထုတ်မြောင်းမှတစ်ဆင့် ဒုဋ္ဌ၀တီမြစ်အတွင်းသို့ ထုတ်လွှတ်မှု အခြေအနေကိုကြည့်ရှုစစ်ဆေးသည်။
  • ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ပင်မကွန်ကရစ်တမံပေါ်သို့ ရောက်ရှိကြပြီး ရှုရပ်မှ ရေလှောင်တမံအတွင်း ရေသိုလှောင်မှု အခြေအနေ၊ စက်ရုံရေထုတ်မြောင်းနှင့် စီမံကိန်းလုပ်ငန်းခွင်တစ်ခုလုံးကို ထပ်မံကြည့်ရှု စစ်ဆေးကြသည်။