သံတွဲမြို့ သူဌေးရေလှောင်တမံ ၀န်ကြီး ဦးဇော်မင်း ကြည့်ရှုစစ်ဆေး

June 9, 2010

(နေပြည်တော်၊ ဇွန် ၉၊ ၂၀၁၀ ခုနှစ်)


  • အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးဇော်မင်းသည် ဇွန် ၇ ရက် ညနေ ပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် အမှတ် (၆) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သူဌေး ရေလှောင်တမံ စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း ရေလွှဲဥမင်လိုဏ်မြေကြီးကျောက်သားခိုင်ခံ့မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ မြစ်အထက်ပိုင်းရှိ ရေလွှဲဥမင်လိုဏ်အ၀င်ပိုင်း၊ ဥမင်လိုဏ်အမှတ် (၁) နှင့် အမှတ် (၂) တို့တွင် ဥမင်လိုဏ်တူးဖော်နေမှုနှင့် Steel Lining လုပ်ငန်းများ ဆောင်ရွက် နေမှုနှင့်  ရေလွှဲဥမင်လိုဏ်မြေကြီးကျောက်သားများ ခိုင်ခံ့စေရန်အတွက် Bolt Installation လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ ကို မှာကြားခဲ့သည်။
  • ထို့နောက် ပင်မတမံမြေကြီး ကျောက်သားတူးဖော်ပြီးစီးမှုနှင့် တမံအုတ်မြစ်စိမ့် ရေတားနံရံ (Diaphragm Wall) လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
  • ယင်းနောက် ၀န်ကြီးနှင့် အဖွဲ့အားရှင်းလင်းဆောင်၌ တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးစန်းဝေက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် စီမံကိန်းလုပ်ငန်းခွင်အတွင်းမိုးရာသီ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုရှင်းလင်းတင်ပြပြီး ညွှန်ကြားရေး မှူးချုပ်ဦးမြင့်ဇော်က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
  • ထို့နောက် ၀န်ကြီးကလိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဘေးအန္တရာယ် လုံခြုံရေးကို အထူးဂရုစိုက်ကြရန် မှာကြားကာ စီမံကိန်းရှိ ၀န်ထမ်းများအား သီးသန့်တွေ့ဆုံ၍ လိုအပ်ချက်များကို အသေးစိတ်ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Advertisements

Thahtay Dam project gaining momentum

June 9, 2010

(NAY PYI TAW, 9 June, 2010)


  • On his inspection tour of Thahtay Dam Project on Thahtay creek, 12-mile north-east of Thandwe in Rakhine State, being implemented by Construction No-6, Minister for Electric Power No-1 U Zaw Min inspected construction of tunnel Nos (1) and (2), earth work of diversion tunnel, steel lining and rock bolt installation works and gave necessary instructions on 6 June.
  • After inspecting progress of main embankment and diaphragm wall, the minister heard reports on work progress and follow-up tasks presented by officials and stressed the need for safety measures.

Saidin, Thahtay hydropower projects to supply more electricity to Rakhine State

March 19, 2010

(NAY PYI TAW, 18 March, 2010)

  • At Saidin hydropower project in Buthidaung Township in the state, the Prime Minister fulfilled the transport, education and health requirements of the locals.
  • Minister for Electric Power No. 1 Col Zaw Min presented a report, saying that efforts to harness the waterfall failed during the past successive eras because of certain reasons. U Aung Zaw Naing of Anagutswanah Co Ltd explained geological, weather and land survey.
  • The Prime Minister and party inspected the project from the observation deck.
  • KTA company compiled the final feasibility study report in 1956. But the project could not be implemented due to the existence of insurgents that made the area unsafe.
  • It has become a medium- size hydropower plant project only at the time of Tatmadaw government. It will generate an average of 220 million kilowatt hours of electricity annually.
  • The project will provide additional power to all the towns in Rakhine State in addition to supplying electricity to ten northern towns of the region.
  • Next, the Prime Minister inspected Thahtay Hydropower Project. The Minister for Electric Power No. 1 reported on the aim and location of the dam, construction of the main dam, diversion tunnel, spillway, intake structure and sluice gate, strength of the machinery, and workforce.
  • In response, the Prime Minister attended to the needs, and viewed the worksite.
  • The zone-type project is being implemented by damming the Thahtay Creek, about 12 miles northeast of Thandwe.
  • With a 2028 feet long and 298 feet high embankment, the dam has two diversion tunnels. On completion, the plant with a generation capacity of 111 megawatts will be able to produce 386 million kilowatt hours a year.
  • So far, the project has been completed by 20.24 per cent. On completion, the project will be able to satisfy the electricity demand of the whole southern part of Rakhine State.


ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး သူဋ္ဌေးရေအားလျှပ်စစ် စီမံကိန်း ကြည့်ရှုစစ်ဆေး

January 13, 2009

(နေပြည်တော် ဇန်န၀ါရီ ၁၂၊ ၂၀၀၉)

  • ရခိုင်ပြည်နယ် အမ်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးမောင်အေးသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးတင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်အရာရှိကြီးများ၊ ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး၊ အစိုးရအဖွဲ့ အဖွဲ့ဝင် ၀န်ကြီး၊ ဒုတိယ၀န်ကြီး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် ဇန်န၀ါရီ ၁၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရဟတ်ယာဉ်များဖြင့် အမ်းမြို့မှ သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာ သူဋ္ဌေးချောင်းပေါ်၌ တည်ဆောက်အကောင်အထည်ဖော်လျက်ရှိသော သူဋ္ဌေးရေအားလျှပ်စစ် စီမံကိန်းသို့ ရောက်ရှိ သည်။
  • စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့ဝင် များအား အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးမြင့်၊ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြည်နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
  • ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်မှူးကြီးသည် စီမံကိန်းရှင်းလင်းဆောင် ရှုရပ်မှနေ၍ သူဋ္ဌေးရေအား လျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်အတွင်း စက်ယန္တရားကြီးများဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
  • ထို့နောက် စီမံကိန်းရှင်းလင်းဆောင်၌ ဒုတိယဗိုလ်ချုပ်မှူးကြီးအား အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက ရခိုင်ပြည်နယ်အတွင်းရှိ ရေအားအရင်းအမြစ်များမှ ရေအားလျှပ်စစ်ထုတ်လုပ်ရရှိနိုင်မည့်နေရာများ၊ ရခိုင်ပြည်နယ်အတွင်း ဓာတ်အားပေးကွန်ရက်စနစ် တည်ဆောက်ပြီး ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် အခြေအနေများကို ရှင်းလင်း တင်ပြရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရေအရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ၁၁၁ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် သူဋ္ဌေး ရေအားလျှပ်စစ်စီမံကိန်းနှင့် မဂ္ဂါဝပ် ၁၀ ထုတ်လုပ်နိုင်မည့် အမ်းချောင်းရေအားလျှပ်စစ်စီမံကိန်းတို့မှာ တည်ဆောက်ဆဲ စီမံကိန်းလုပ်ငန်းများဖြစ်ပါကြောင်း၊ မဂ္ဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်မည့် လေးမြို့ရေအား လျှပ်စစ်စီမံကိန်းနှင့် ၇၆ ဒသမ ၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စိုင်ဒင်ရေအားလျှပ်စစ်စီမံကိန်းတို့မှာ တည်ဆောက်ရန်လျာထားသော စီမံကိန်းများ ဖြစ်ပါကြောင်း၊ အဆိုပါရေအားလျှပ်စစ်စီမံကိန်း(၄)ခု ပြီးစီး သွားပါက စုစုပေါင်းလျှပ်စစ် ၆၉၇ ဒသမ ၅ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်အားရှိမည်ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်း မြို့နယ်များသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်း။
  • ရခိုင်ပြည်နယ် သူဋ္ဌေးချောင်းပေါ်တွင် တည်ဆောက်မည့် သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းအား ဆောင်ရွက်နိုင်ရန် အကြိုစူးစမ်းလေ့လာမှုများကို ၂၀၀၄ ခုနှစ် ဧပြီလမှ စတင်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ စက်တစ်လုံးလျှင် ၃၇ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်သည့် တာဘိုင်စက် သုံးလုံးမှ လျှပ်စစ်ဓာတ်အား ၁၁၁ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ အဓိက ရေအားအဆောက်အအုံများအနေဖြင့် အလျား ၂၃၂၆ ပေရှိ အမှတ်(၁)ရေလွှဲဥမင်လိုဏ်နှင့် အလျား ၁၈၇၅ ပေရှိ အမှတ်(၂) ရေလွှဲဥမင်လိုဏ်၊ ပင်မတမံ၊ ရေပိုလွှဲ၊ ဖိအားမြင့် သံမဏိ ပိုက်လိုင်းများဖြစ်ပါကြောင်း။
  • တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ်နံရံ တည်ဆောက်ခြင်း လုပ်ငန်းကို ခေတ်မီလုပ်ငန်းသုံး စက်ယန္တရားဖြစ်သည့် Bauer Trench Cutter အား အသုံးပြု၍ တည်ဆောက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
  • ဆက်လက်၍ ဒုတိယ၀န်ကြီးဦးမျိုးမြင့်က ပင်မတမံတည်ဆောက်မှု ပုံစံဒီဇိုင်းနှင့် Trench Cutter ဖြင့် တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ် နံရံတည်ဆောက်မည့် အစီအစဉ်များ၊ ငလိုက်၊ မုန်း၊ သဖန်းဆိပ် စသည့် ရေလှောင်တမံများ၌ စိမ့်ရေတားကွန်ကရစ်နံရံများ ထည့်သွင်း တည်ဆောက်ခဲ့ပုံများကို ရှင်းလင်းတင်ပြသည်။
  • ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်မှူးကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံခြားသား ပညာရှင်များအား လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။
  • ဆက်လက်၍ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့်အဖွဲ့ဝင်များသည် သူဋ္ဌေးရေအားလျှပ်စစ် စီမံကိန်း၏ လုပ်ငန်းတစ်ခုဖြစ်သော တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ်နံရံ စတင်တည်ဆောက်ခြင်း အခမ်းအနားကျင်းပမည့် မင်္ဂလာမုခ်ဦးရှေ့သို့ သွားရောက် နေရာယူကြသည်။
  • ယင်းနောက် မင်္ဂလာအချိန်နှင့် တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ်နံရံ တည်ဆောက်မှု စတင် ဆောင်ရွက်ရန် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်၊ တိုင်းမှူး ဗိုလ်ချုပ် သောင်းအေး၊ ၀န်ကြီးဗိုလ်မှူးကြီးဇော်မင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။
  • ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်၊ တိုင်းမှူးဗိုလ်ချုပ်သောင်းအေး၊ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းတို့သည် တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ်နံရံ တူးဖော်တည်ဆောက်မည့် စက်ယန္တရား (Trench Cutter)ကို အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းပေးကြသည်။
  • ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးသည် တမံအုတ်မြစ်၊ စိမ့်ရေတားကွန်ကရစ်နံရံ တည်ဆောက်မှု လုပ်ငန်းသုံး စက်ယန္တရား (Trench Cutter)အား Guide Wall ပေါ်တွင် နေရာချထားပြီး မြေတူးခြင်းလုပ်ငန်း စတင်ဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လုပ်ငန်းများကို စေတနာထား၍ ကြိုးစားလုပ်ကိုင်ရန်၊ အစစ သပ်ရပ်သေချာစွာဆောင်ရွက်ရန် မှာကြား သည်။ ယင်းစက်ယန္တရားသည် စိမ့်ရေတားနံရံကို အနက်ပေ ၂၀၀ ထိ တူးဖော်နိုင်အားရှိကြောင်း သိရှိရသည်။
  • ယင်းနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးသည် သူဋ္ဌေးရေအားလျှပ်စစ်တွင် တာဝန်ထမ်းဆောင် နေကြသော ၀န်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ပြန်လည်ထွက်ခွာခဲ့သည်။
  • အဆိုပါ သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းသည် ရခိုင်ပြည်နယ် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ သူဋ္ဌေးချောင်းပေါ်၌ တည်ရှိ၍ တပ်ဆင်စက်အင်အား ၁၁၁ မဂ္ဂါဝပ်ရှိသော ရေအားလျှပ်စစ်စက်ရုံတစ်ခုတည်ဆောက်ပြီး နှစ်စဉ်ထုတ်လုပ်နိုင်မည့် ဓာတ်အားကီလိုဝပ်နာရီ ၃၈၆ သန်းကို ရခိုင်ပြည်နယ်အတွင်းသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန် ရည်ရွယ် တည်ဆောက်လျက် ရှိသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၃၈၆ ထုတ်လုပ် ဖြန့်ဖြူးပေးမည့် ရခိုင်ပြည်နယ် သံတွဲမှ သူဌေး ရေအားလျှပ်စစ် စီမံကိန်း

November 25, 2008
(သံတွဲ နိုဝင်ဘာ ၂၃ ၊ ၂၀၀၈)
  • သံတွဲမှ ရွှေလှေကျေးရွာ ၁၅ မိုင်ခန့်ကွာဝေးပြီး ရွှေလှေနှင့် သူဋ္ဌေးချောင်း လမ်းဆုံမှ ၄ ဖာလုံခန့် ကွာဝေးပြီး လမ်းဆုံမှ လက်ယာချဉ်းကပ်လမ်းအတိုင်း မောင်းနှင်ရာ ၁၀ မိုင်ခန့် ကွာဝေးသဖြင့် စုစုပေါင်း ၂၅ မိုင်ခန့် ကွာဝေးပြီး တောအထပ်ထပ် တောင်အသွယ်သွယ်နှင့် မြင့်မားသည့် ချောက်ကမ်းပါး များဖြစ်ကာ ညနေ ၃ နာရီခွဲခန့်တွင် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၆)တည်ဆောက်ရေး သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်း သို့ ရောက်ရှိသည်။
  • လမ်းတစ်လျှောက်တွင် သဘာဝမှ ပေးသည့် တောင်တန်းကြီးများသည် တစ်နေရာတွင် မြေသားများနီကာ၊ တစ်နေရာတွင် ကျောက်တောင်၊ တစ်နေရာတွင် အညိုရောင်ဖြင့် ဆန်းကြယ်လှသည်။ တောင်ကုန်းအားလုံး သဘာဝသစ်ပင်ကြီးများ၊ ရော်ဘာပင်များ၊ ငရုတ်ကောင်းပင်များ၊ ငှက်ပျောပင်များနှင့် ပြည့်နေသည်။
  • သူဋ္ဌေးချောင်းရေမှာလည်း တောင်ကြားအတွင်း တသွင်သွင်စီးဆင်းနေသည်။ တောပျော် ကျေးငှက်နှင့် သားကောင်တို့ကလည်း ပျော်မြူးနေကြသည်။ ယင်းသို့ တောနက်သော်လည်း ငှက်ဖျား မရှိသည်က ဆန်းကြယ်လှသည့် သဘာဝတရားပင်။
မှတ်တမ်းတင်
  • ရှင်းလင်းဆောင်မှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမြင့်ဦးက ကြိုဆိုကာ မြန်မာ့အလင်း သတင်းအဖွဲ့ သိလိုသမျှကို ရှင်းလင်းပြောပြပြီး စက်ယန္တရားကြီးများဖြင့် ဆောင်ရွက် လုပ်ကိုင်နေသည့် လုပ်ငန်းခွင်ကို လိုက်လံပြသသည်။ ကျွမ်းကျင်လှသည့် ဓာတ်ပုံသတင်းထောက် ကိုတင်စိုးကလည်း တောင်ကုန်းပေါ်တက်ကာ အပေါ်စီးမှ ဓာတ်ပုံများ ရိုက်၍ မှတ်တမ်းတင်သည်။
  • အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန သည် နိုင်ငံတော်အတွင်း ပေါကြွယ်ဝသော ရေအရင်းအမြစ်များမှ ရေအားလျှပ်စစ်ထုတ်လုပ်ပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်အကောင်အထည်ဖော်ရာတွင် အဓိက ပါဝင် ဆောင်ရွက်ရန်ဟူသော ဦးတည်ချက်နှင့်အညီ သူဋ္ဌေး ရေအားလျှပ်စစ်စီမံကိန်း သည်လည်း နိုင်ငံတော် အကျိုးစီးပွားနှင့် ဒေသခံများ အကျိုးစီးပွားဖြစ်ထွန်းစေမည့် စီမံကိန်းတစ်ခုဖြစ်သည်။
ရှင်းပြ
  • “နိုင်ငံတော်အကြီးအကဲ ရခိုင်ပြည်နယ် သံတွဲခရိုင်ကို ၂၀၀၄ ခုနှစ်က ရောက်ရှိလာပြီး ဒီစီမံကိန်း အကောင်အထည်ဖော်ဖို့ လမ်းညွှန်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ သူဋ္ဌေးရေအားလျှပ်စစ်ဖြစ်နိုင်စွမ်း အခြေအနေများကို နိုင်ငံတော်အကြီးအကဲထံ တင်ပြရာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်မှု ပြုခဲ့ပါတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းဦးက မြန်မာ့အလင်းသို့ ရှင်းပြသည်။
  • သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းသည် သံတွဲခရိုင် သံတွဲမြို့ အရှေ့မြောက်ဘက် တောတောင် များအတွင်း သူဋ္ဌေးချောင်းပေါ်၌ တည်ရှိသည်။
  • ရေဆင်းဧရိယာ ၄၄၂ စတုရန်းမိုင်၊ ရေလှောင်တမံ အလျား ၂၀၂၈ ပေ၊ အမြင့် ၂၉၈ ပေ၊ တမံ အမျိုးအစားမှာ ဇုန်အမျိုးအစား (ကျောက်ဖြည့်တမံ၊ Zoned Type Rock Fill Dam)ဖြစ်ပြီး ကန်ရေပြည့် ရေလှောင်ပမာဏ ၂ ဒသမ ၂၁ သိန်းဧကပေနှင့် ရေအမြင့်မှာ ၂၀၅ ပေ ရှိကြောင်း သိရသည်။
မိုးရေချိန်
  • သံတွဲမြို့၏ နှစ်စဉ်ပျမ်းမျှ မိုးရေချိန်မှာ ၂၁၂ လက်မရှိပြီး သူဋ္ဌေးရေအားလျှပ်စစ်သို့ နှစ်စဉ် ပျမ်းမျှ ၂၃ ဒသမ ၃၂ သိန်းဧကပေ စီးဝင်နိုင်ပေသည်။
  • ရေပိုလွှဲအမျိုးအစားမှာ သံကူကွန်ကရစ် (Gated Ogee Type)ဖြစ်ကာ ရေပိုလွှဲအကျယ်မှာ ၃၃ ပေ x ၂ ပေါက်ဖြစ်၍ ရေပိုလွှဲဒီဇိုင်း ရေထုစီးနှုန်း ၇၄၁၅ ပေ စက္ကန့်ဖြစ်သည်။ ရေပိုလွှဲ ဥမင်လိုဏ် အမှတ်(၁)သည် အချင်း ၃၃ ပေ၊ အလျား ၂၃၂၆ ပေရှိပြီး အမှတ်(၂)ဥမင်လိုဏ်မှာလည်း အချင်း ၃၃ ပေ၊ အလျား ၁၈၇၅ ပေ ရှိကြောင်းနှင့် ဖိအားမြှင့် သံမဏိပိုက်လိုင်းသည် အချင်း ၂၉ ပေ၊ အလျား ၄၈၅ ပေ ရှိကြောင်း သိရသည်။
ထုတ်လုပ်မည်
  • တာဘိုင်အမျိုးအစားမှာ ဒေါင်လိုက် ဖရန်စစ်တာဘိုင်ဖြစ်၍ တာဘိုင်ရေထုစီးနှုန်းမှာ ၇၄၂၀ ကုဗပေ/စက္ကန့်ဖြစ်ပြီး တပ်ဆင်မည့် စက်အားမှာ ၃၇ မဂ္ဂါဝပ် x ၃ လုံး၊ ၁၁၁ မဂ္ဂါဝပ်ဖြစ်၍ နှစ်စဉ်ပျမ်းမျှ ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ ထုတ်လုပ်သွားမည်ဖြစ်သည်။
  • စီမံကိန်းကာလမှာ ၂၀၀၅ ခုနှစ်မှ စတင်ရာ ၂၀၁၂ ခုနှစ်တွင် ပြီးဆုံးမည်ဖြစ်ရာ ယခုအခါ မြန်မာ့အလင်းသတင်းအဖွဲ့သည် စက်ယန္တရားကြီးများနှင့် ၀န်ထမ်း ၃၅၀ ခန့်သည် ပင်မတမံလုပ်ငန်း ၇၆ ဒသမ ၉ ရာခိုင်နှုန်း၊ ရေပိုလွှဲလုပ်ငန်း ၇ ဒသမ ၇ ရာခိုင်နှုန်း၊ ရေယူအဆောက်အအုံလုပ်ငန်း ၂၀ ဒသမ ၉ ရာခိုင်နှုန်း၊ ရေသွယ်ဥမင်လိုဏ်လုပ်ငန်း ၄၆ ဒသမ ၆ ရာခိုင်နှုန်း အောင်မြင်စွာ ပြီးစီးနေသည်ကို တွေ့ခဲ့ရ သည်။

(၂၄.၁၂.၂၀၀၈ ရက်နေ့ထုတ် မြန့်မာ့အလင်း သတင်းစာပါ သတင်းခရီးသည် – သတင်းထောက် စဥ့်ကူစိုးဝင်း၏ “နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၃၈၆ ထုတ်လုပ် ဖြန့်ဖြူးပေးမည့် ရခိုင်ပြည်နယ် သံတွဲမှ သူဌေး ရေအားလျှပ်စစ် စီမံကိန်း” ဆောင်းပါးမှ ထုတ်နှုတ် ဖော်ပြပါသည်။)