ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရွှေလီ (၃) ရေအားလျှပ်စစ် စီမံကိန်းနှင့် အထက် ဆည်တော်ကြီး ရေအား လျှပ်စစ် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

April 21, 2010

(နေပြည်တော် ဧပြီ ၂၁၊ ၂၀၁၀ခုနှစ်)

  • နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဧပြီ ၁၆ ရက်က ရတနာသိင်္ဃတံတား တည်ဆောက်ရေးစီမံကိန်း၊ ရွှေလီ(၃) ရေအားလျှပ်စစ်စီမံကိန်းနှင့် အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
  • နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် နံနက် ၉နာရီ ၁၅မိနစ်တွင် ရဟတ်ယာဉ်များဖြင့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကျောက်မြောင်းဘက်ကမ်း နွယ်ငြိမ်းကျေးရွာရှိ ရတနာသိင်္ဃတံတား တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိသည်။
  • နိုင်ငံတော်အကြီးအကဲနှင့် အဖွဲ့ဝင်များအား စစ်ကိုင်းတိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နွယ်ငြိမ်းကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ၊ ယိမ်းအက အဖွဲ့ဝင်များက လှိုက်လှဲစွာကြိုဆိုကြသည်။
  • ထို့နောက် ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့ဝင်များသည် ရတနာသိင်္ဃတံတား တည်ဆောက်ရေးစီမံကိန်း ကျောက်မြောင်းဘက်ကမ်း စီမံကိန်းရှင်းလင်းဆောင်အနီးရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည့် ရတနာသိင်္ဃတံတား တည်ဆောက်ရေးစီမံကိန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြသည်။
  • ထို့နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် တံတားအူကြောင်းနှင့် ချဉ်းကပ်လမ်းအူကြောင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
  • ယင်းနောက် စီမံကိန်းရှင်းလင်းဆောင်၌ ဗိုလ်ချုပ်မှူးကြီးအား ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်က ရတနာသိင်္ဃတံတားနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
  • ထို့နောက် စီမံကိန်းရှင်းလင်းဆောင်၌ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက ရွှေလီ(၃) ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်၊ ပင်မတမံတည်ဆောက်ရန် မြေနေရာများ စူးစမ်းရှာဖွေတိုင်းတာခဲ့မှု၊ ရွှေလီမြစ်ပေါ်၌ တည်ဆောက်ပြီးသော ရွှေလီ(၁) ရေအားလျှပ်စစ် စီမံကိန်း၊ တည်ဆောက်ဆဲ ရွှေလီ(၂) နှင့်ရွှေလီ(၃) ရေအားလျှပ်စစ် စီမံကိန်းတို့၏ ဆက်စပ် တည်ရှိ နေမှု၊ စီမံကိန်းချဉ်းကပ်လမ်းများ ဖောက်လုပ် ပြီးစီးမှုအခြေအနေ၊ ပင်မတမံနှင့်အတူ ဆက်စပ်တည်ဆောက်ရမည့် ရေပိုလွှဲ၊ ရေယူ အဆောက်အအုံ၊ ယာယီ ရေတားတမံ၊ ကုန်းကြောတမံ၊ ရေလွှဲ ရေထုတ်ပြွန်စသည့် အဆောက်အအုံများ၏ အနေအထားနှင့် နှစ်အလိုက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ် တို့ကို ရှင်းလင်းတင်ပြသည်။
  • ဆက်လက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးသာအေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တိုင်းမှူးများက စီမံကိန်းဆိုင်ရာနှင့်ဒေသဆိုင်ရာ အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ် ခင်မောင်မြင့်က ထုတ်လုပ်ပေးမည့် လျှပ်စစ်ဓာတ်အားများကို မဟာဓာတ်အားလိုင်း ကွန်ရက် အတွင်း ပို့လွှတ်ဖြန့်ဖြူးမည့် အစီအစဉ်နှင့် ဓာတ်အားလိုင်းများ သွယ်တန်းမည့် အစီအစဉ် တို့ကိုရှင်းလင်းတင်ပြသည်။
  • တင်ပြချက်များအပေါ် ဗိုလ်ချုပ်မှူးကြီးက ရွှေလီ(၃)ရေအားလျှပ်စစ်စက်ရုံစီမံကိန်းသို့ ပစ္စည်းများ သယ်ယူပို့ဆောင်ရမည့် မော်တော်ကားလမ်းကြောင်းများ ခိုင်ခံ့ကောင်းမွန်ရေး၊ စီမံကိန်း လုပ်ငန်းများကို သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးရေးတို့နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားလမ်းညွှန်သည်။
  • ထို့နောက် စီမံကိန်းရှင်းလင်းဆောင်၌ ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းက မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဘက်စုံရေလှောင်တမံ အထက်ဘက်အပိုင်း၌ ရေကူရေလှောင်တမံတစ်ခု တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခဲ့မှု၊ အဆိုပါဆည်တော်ကြီး ရေကူရေလှောင်တမံကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက တည်ဆောက်ရန်နှင့် ရေအားလျှပ်စစ် ဆက်စပ် အဆောက်အအုံများကို အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တည်ဆောက်ရန် တာဝန်ပေးအပ်ခဲ့မှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးခြင်း လုပ်ငန်းတွင် ပါဝင်ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက် လိုသည့် တိုင်းရင်းသား ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုခဲ့ရာ၌ ထူးထရေးဒင်း ကုမ္ပဏီ လီမိတက်အနေဖြင့် အထက် ဆည်တော်ကြီး ရေအားလျှပ်စစ် စီမံကိန်းကို လွှဲပြောင်း တာဝန်ယူ ဆောင်ရွက်လာမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
  • ယင်းနောက် ထူးထရေးဒင်းကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးတေဇက အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ရသည့်ရည်ရွယ်ချက်၊ စီမံကိန်း အကောင်အထည် ဖော်ရန် အတွက် ကုမ္ပဏီ၏ လုပ်ငန်းအတွေ့အကြုံနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ အထက်ဆည်တော်ကြီး ပင်မတမံနှင့်အတူ ဆက်စပ်တည်ဆောက်ရမည့် ရေလွှဲဥမင်၊ ရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေသွယ်ဥမင်၊ ရေယူမြောင်းစသည့် အဆောက်အအုံများ၏ အနေအထား၊ အဓိကဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများနှင့် နှစ်အလိုက်စီမံကိန်း လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ်တို့ကို ရှင်းလင်းတင်ပြသည်။

Shweli (3) Dam to be implemented in Shan State

March 10, 2010
(NAY PYI TAW, 9 March , 2010)

  • Shweli (3) Dam project will be implemented in Momeik Township of Shan State (North). Minister for Electric Power No 1 Col Zaw Min, accompanied by Deputy Minister U Myo Myint and officials, on 7 March visited the project site to be implemented by the ministry.
  • On arrival at the briefing hall of the dam project, the minister heard reports submitted by officials of the project. Director U Nay Myo Win of No (2) Construction reported the minister on maintenance of Twinnge-Momeik road section, construction of approach road to the dam, road maintenance in Kyauktaung village, situations of briges on Mandalay Wapyutaung-Momeik road and the road linking Momeik and the dam, sites chosen for construction of hydropower plant project, implementation of hydropower projects on Shweli River, and facts about the dam project. Director (Geology) U Kyaw Nyein submitted report on geological situation of the project, feasibility tests and future plans. The deputy minister and director-general presented supplementary reports.
  • The minister gave necessary instructions. The minister inspected the dam project from the view deck on left bank of the dam project.

ရွှေလီ(၃) ရေအားလျှပ်စစ် စီမံကိန်း ၀န်ကြီးဗိုလ်မှူးကြီး ဇော်မင်း ကြည့်ရှုစစ်ဆေး

March 9, 2010

(နေပြည်တော် မတ် ၉၊ ၂၀၁၀ခုနှစ်)

  • အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းသည် ဒုတိယ ၀န်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ် ၇ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ်အတွင်း တည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရွှေလီ(၃) ရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ စီမံကိန်း ယာယီရှင်းလင်းဆောင်၌ အမှတ်(၂) တည်ဆောက်ရေးမှ ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်းက စီမံကိန်း ချဉ်းကပ်လမ်းများဖြစ်သော တွင်းငယ်-မိုးမိတ်လမ်းပိုင်းပြုပြင်ပြီးစီးမှု၊ တမံနေရာသို့ ချဉ်းကပ်လမ်း ဖောက်လုပ်ပြီးစီးမှု၊ ကျောက်တောင်ရွာနှင့် တမံနေရာ လမ်းပိုင်းပြုပြင်နေမှု၊ မန္တလေးဝါးဖြူတောင်-မိုးမိတ်လမ်း၊ မိုးမိတ်နှင့် ရွှေလီ(၃) တမံနေရာကြား လမ်းပေါ်ရှိ တံတားများခံနိုင်ဝန်အခြေအနေ၊ ရွှေလီ(၃) ရေအားလျှပ်စစ်စီမံကိန်း အခြေစိုက်စခန်းများ တည်ဆောက်မည့်နေရာ၊ ရွှေလီမြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းများ၏ အခြေအနေ၊ ရေအားလျှပ်စစ် အဆောက်အအုံ ဖြတ်ပိုင်းပုံအခြေအနေ၊ လျာထားတမံ ရွေးချယ်ထားမှု၊ တမံအူကြောင်း တိုင်းတာ ဆောင်ရွက်ထားမှုနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များ နှိုင်းယှဉ်မှု အခြေအနေတို့ကို လည်းကောင်း၊ ညွှန်ကြားရေးမှူး(ဘူမိ) ဦးကျော်ငြိမ်းက စီမံကိန်းဧရိယာ အခြေခံ ဘူမိဗေဒ အခြေအနေနှင့် တမံ၏ Plan View ဘူမိဗေဒအခြေအနေ၊ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့် မြေစမ်းကျင်း၊ စိန်လွန်တွင်းတူး၍ အောက်ခံကျောက်သား အခြေအနေ လေ့လာထားရှိမှု တို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
  • ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ၀န်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများအား ညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။
  • ယင်းနောက် ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းသည် တမံ၏၀ဲဘက်ကမ်းရှိ ရှုရပ်မှ လျာထားတမံ အူကြောင်း တိုင်းတာ ဆောင်ရွက်ထားရှိမှုနှင့် တမံဝဲဘက်ကမ်း စိန်လွန်တွင်း တူးဖော်နေမှုတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။

ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်း အတိုင်ပင်ခံလုပ်ငန်း ကန်ထရိုက်စာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပ

February 17, 2010

(နေပြည်တော် ဖေဖော်ဝါရီ ၁၇၊ ၂၀၁၀ခုနှစ်)

  • အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံ ColencoPower Engineering Ltd. (CPE)တို့ ရွှေလီ(၃)ရေအား လျှပ်စစ် စီမံကိန်း အတိုင်ပင်ခံလုပ်ငန်းအတွက် ချုပ်ဆိုသည့် ကန်ထရိုက်စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
  • အခမ်းအနားသို့ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ ဒုတိယ ၀န်ကြီးဦးမျိုးမြင့်၊ ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့်လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆွစ်ဇာလန်နိုင်ငံ Colenco Power Engineering Ltd. (CPE)နှင့် အောင်ပြည်တန်ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
  • အခမ်းအနားတွင် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမြင့်ဇော်နှင့် ဆွစ်ဇာလန်နိုင်ငံ Colenco Power Engineering Ltd. (CPE)မှ Executive Vice President Mr. Jean Francois Belin တို့က ကန်ထရိုက်စာချုပ်များကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြကြောင်း သတင်း ရရှိသည်။